Connect with us

Latin America

အမေရိကန် သမ္မတ အိုဘားမားသည် လာမည့် ဇူလိုင်လတွင် ပိုလန်နှင့် စပိန်သို့ သွားရောက်မည်

အမေရိကန် သမ္မတ အိုဘားမား အား နေတိုး (NATO) ညီလာခံ၌ ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ်အိုဘားမားသည် နေတိုး (NATO) ညီလာခံ တက်ရောက်ရန် ပိုလန် နိုင်ငံတွင် ဇူလိုင်လ ၇ ရက် မှ ၉ ရက်အထိ နေထိုင်သွားမည် ဖြစ်ပြီး ထို့နောက် စပိန်နိုင်ငံသို့ ဆက်လက် သွားရောက်ကာ ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်အထိ လည်ပတ်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန်လ ၆ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ပိုလန်နိုင်ငံတွင် ကျင်းပမည့် နေတိုး (NATO) ညီလာခံသည် အိုဘားမား အတွက် ငါးကြိမ်မြောက် ဖြစ်သည့် အပြင် နောက်ဆုံး တက်ရောက်မည့် နေတိုး (NATO) ညီလာခံလည်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံ အတွင်း မဟာမိတ်များ အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိစေရန် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ နေတိုး (NATO) ၏ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသ ထိန်းချုပ်မှုများတွင် လုံခြုံရေး အပြည့်အဝ ရရှိရန် အားထုတ်မှု များအား ထောက်ပံ့ပေးရေး၊ မြောက် အတ္တလန်တိတ် အလွန်ရှိ မိတ်ဖက်သစ်များနှင့် ပူးပေါင်းကာ တည်ငြိမ်းအေးချမ်းမှု ဖော်ဆောင်ရေးနှင့် ပတ်သက်သည်များကို ဆွေးနွေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပိုလန်နိုင်ငံ မြို့တော် ဝါဆောတွင် အိုဘားမားသည် ပိုလန်သမ္မတ Andrzej Duda နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပိုလန်နိုင်ငံ၏ လုံခြုံရေး နှင့်ပတ်သက်၍ အမေရိကန်၏ လုပ်ဆောင်ပေးနိုင်မှုများ ထပ်မံ အတည်ပြု ပြောကြားခြင်း၊ ဥရောပ လုံခြုံရေးဆိုင်ရာ အမြင်များ လဲလှယ်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဝါဆောမြို့ ၌ အိုဘားမားသည် ဥရောပကောင်စီ နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌများ နှင့် တွေ့ဆုံကာ အကြမ်းဖက် တိုက်ဖျက်ရေး၊ စီးပွားရေးဆိုင်ရာ တိုးတက်မှု မြှင့်တင်ရေး၊ ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေးကိစ္စများတွင် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ရေး နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် အိုဘားမားသည် နေတိုး (NATO) ၏ အဓိက မဟာမိတ်ဖြစ်သည့် စပိန်နိုင်ငံသို့သွားရောက်ပြီး လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံရေး နှင့် စီးပွားရေး တွင် နက်ရှိုင်းသည့် ဆက်ဆံရေး တည်ဆောက်ရေး ၊ ပြည်သူ အချင်းအချင်း အချိန်ကြာမြင့်စွာ ချစ်ကြည်ရင်းနှီးမှု နှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.