Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံက Facebook အား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် ဆုံးဖြတ်

ဖနွမ်းပင်၊ ဇူလိုင် ၂ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက Facebook ကိုယ်စားလှယ်ရုံးကို နိုင်ငံအတွင်းမှ နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ချို ဟွန်ဆန်က ဇွန် ၃၀ ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားမှာ Facebook ဝင်ရောက်တာ တားမြစ်ဖို့တော့မရည်ရွယ်ပါဘူး။ ဒါပေမဲ့ Facebook ရဲ့ကိုယ်စားလှယ်ရုံးကိုတော့ ကမ္ဘောဒီးယားမှာထပ်ရှိနေဖို့ ခွင့်ပြုတော့မှာမဟုတ်ဘူး” ဟု အများပြည်သူသို့ ထုတ်ပြန်သော အသံသတင်းစကား၌ ဟွန်ဆန်က ပြောခဲ့သည်။

Facebook က ဘက်လိုက်မှုရှိကြောင်းနှင့် ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟာနု၊ ဟွန်ဆန်ကိုယ်တိုင်နှင့် ၎င်း၏မိသားစုဝင်များအပေါ် ပြည်ပနိုင်ငံရေးပြိုင်ဘက်များမှ “ရိုင်းစိုင်းသော” မှတ်ချက်များကို လျစ်လျူရှုထားကြောင်း ဟွန်ဆန်က စွပ်စွဲပြစ်တင်ထားသည်။

စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MPTC) အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ Facebook ကိုယ်စားလှယ်ရုံးကို နှင်ထုတ်ရန်နှင့် ကုမ္ပဏီကိုယ်စားပြုမှု၊ ပုဂ္ဂလိကကဏ္ဍတွင် အစိုးရနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး စသဖြင့် လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဇွန် ၃၀ ရက်နှောင်းပိုင်း ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ပြောကြားထားသည်။

အကောင့်တုများ (fake accounts) ဖန်တီးခြင်း၊ ပုဂ္ဂိုလ်ရေးအချက်အလက်များ အန္တရာယ်၊ ပုဂ္ဂိုလ်ရေးအချက်အလက် အသုံးပြုမှုနှင့် ရွေးချယ်မှု၊ သတင်းမှားများ ဖြန့်ဖြူးခြင်း၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် တိုင်းပြည်၏ နိုင်ငံရေးရာများ၌ ဝင်ရောက်စွက်ဖက်ခြင်း စသဖြင့် Facebook ၏ ဝန်ဆောင်မှုများက ကမ္ဘောဒီးယားနိုင်ငံရှိ အသုံးပြုသူများအတွက် မူမမှန်မှုများကို MPTC က တွေ့ရှိကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။ (Xinhua)

……………………………
(English Version)

Cambodia expels Facebook representative from country: PM

PHNOM PENH, July 1 (Xinhua) — Cambodia decided to expel the representative of Facebook from the Southeast Asian country, Prime Minister Samdech Techo Hun Sen said late on Friday.

“I have no intention to block Facebook access in Cambodia, but will not allow Facebook to have its representative in Cambodia anymore,” he said in a voice message released publicly.

Hun Sen accused Facebook of bias and turning a blind eye to “insulting” remarks made by exiled political opponents against Cambodian King Norodom Sihamoni, Hun Sen himself and his family members.

The Ministry of Posts and Telecommunications (MPTC) said in a statement late on Friday that it decided to expel the Facebook representative from Cambodia and stop all of its activities, such as company representation, relations with the government and partnership cooperation in the private sector.

The statement said the MPTC has found irregularities in Facebook’s services for users in Cambodia, such as the creation of fake accounts, risk of private data, use and collection of private data, dissemination of fake news, lack of accountability and transparency, and interference in the country’s political affairs.
Photo: Cambodian Prime Minister Samdech Techo Hun Sen speaks at a press conference on the latest situation of COVID-19 in Phnom Penh, Cambodia, April 7, 2020. (Photo by Li Lay/Xinhua)