ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားအသုံးပြုမှုများအပါအဝင် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မှုမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကာရာကာ့စ် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က နိုင်ငံ အား တိုက်ပွဲ ခြိမ်းခြောက်မှု မှ ရုန်းထွက်စေလိုပြီး ငြိမ်းချမ်းသည့် အခြေအနေ အား ထိန်းသိမ်း သွားလိုကြောင်း ဖေဖော်ဝါရီ...
လီမာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံတောင်ပိုင်းတွင် ယခုရက်ပိုင်းများအတွင်း နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရွှံ့နွံသဲကျောက်ရေစီးဆင်းခြင်း၊တောင်ပြိုခြင်းများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၁၀ ဦး၊ အိုးမဲအိမ်မဲ့ဒုက္ခသည်ပေါင်း ၁၈၀၀ ရှိနေပြီဖြစ်ကြောင်း ပီရူးသမ္မတ Martín Vizcarraက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဘောလုံးကလပ် လေ့ကျင့်ရေးစင်တာတစ်ခုတွင် ဖေဖော်ဝါရီလ ၈ ရက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ် ကစားသမား ၁၀ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘရာဇီ နိုင်ငံ ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီ ၈ ရက် တွင် မြို့တော် ရီယိုဒီဂျနေရို မြို့လယ် ရှိ လူနေရပ်ကွက် နှစ်ခု တွင် မူးယစ်ဆေး ဖမ်းဆီးနှိမ်နင်းရေး လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာတွင် မူးယစ်ဆေးဝါး...
မော်စကို ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အမေရိကန် နိုင်ငံ က လက်နက်အင်အား အသုံးပြု၍ ဗင်နီဇွဲလား နိုင်ငံ အစိုးရ အား ဖြုတ်ချရန် စီစဉ်နေသည် ဟု ယူဆ...
ဟာဗားနား ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သို့ အမေရိကန်ပြည်ထောင်စု ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီသည် ဗင်နီဇွဲလားနိုင်ငံသို့ စစ်ရေးကျူးကျော်မှုပြုရန်အတွက် မူမမှန်သောအကြောင်းပြချက်သာဖြစ်ကြောင်း ကျူးဘားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂူစ် (Bruno Rodriguez) ကဖေဖော်ဝါရီလ ၆ ရက်တွင် ပြောသည်။
ကွီတို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) အီကွေဒေါ နိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့နှင့် လူဦးရေ ၂ သန်း ရှိကာ ဒုတိယ လူဦးရေ အများဆုံး ဖြစ်သည့် Guayaquil မြို့၌ မြို့ပြ သယ်ယူ ပို့ဆောင်ရေး နှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်မှု...
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်တွင် ဖြစ်ပွားသည့် ဆည်ကျိုးမှုကြောင့် သေဆုံးသူ ၁၃၄ ဦးအထိ ရှိပြီဖြစ်ပြီး ၁၉၉ ဦးပျောက်ဆုံးနေကြောင်း ၎င်းပြည်နယ် ပြည်သူ့ကာကွယ်ရေးဌာနက ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ပြောကြားခဲ့သည်။