Connect with us

Latin America

အတိုက်အခံပါတီ ငွေကြေးအလွဲသုံးစားလုပ်သည်ဟု ဗင်နီဇွဲလားသမ္မတ ပြစ်တင်ပြောဆို

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကပ်စ်၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ ဂျူအန်ဂွိုက်ဒို(Juan Guaido) ဦးဆောင်သည့် အတိုက်အခံပါတီ အတွင်းပိုင်းတွင် အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း ၊ နိုင်ငံရန်ပုံငွေကို ခိုးယူ အလွဲသုံးစားလုပ်နေ ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇွန် ၁၇ ရက်တွင် အပြစ်တင် ပြောဆိုလိုက်ကြောင်း သိရသည်။

ယခုကဲ့သို့အကျင့်ပျက်ခြစားသည့်လုပ်ရပ်များမှာ လွန်ခဲ့သောလအနည်းငယ်က အမေရိကန် ဗင်နီဇွဲလားကို တင်သွင်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့် ဆက်စပ်ကြောင်း ၎င်းကဆိုသည်။

အမေရိကန်အစိုးရက ယခုနှစ် ဖေဖော်ဝါရီတွင် ကိုလံဘီယာ အရှေ့မြောက်ပိုင်း နယ်စပ်မြို့ Cúcuta မှတစ်ဆင့် ဗင်နီဇွဲလားသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ပို့ခဲ့ပြီး ဗင်နီဇွဲလားဘက်တံခါးဖွင့်လက်ခံရန် အဆက်မပြတ်ဖိအားပေးခဲ့ရာ ဗင်နီဇွဲလားအစိုးရက လက်ခံရန် ငြင်းပယ်ခဲ့ပြီး ၎င်းမှာ အမေရိကန်၏ စစ်ရေးစွက်ဖက်မှုအတွက် လမ်းခင်းခြင်းဖြစ်ဟု ပြစ်တင်ပြောဆိုခဲ့ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.