Connect with us

Latin America

ချီလီ နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း အနီး တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင်တိုင်းတာမှုပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်တီယာဂို ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ချီလီ တက္ကသိုလ် အမျိုးသား ငလျင် စင်တာ ၏ ထုတ်ပြန်ကြေညာချက် အရ ချီလီ နိုင်ငံ မြို့တော် ဆန်တီယာဂို အနီး မြောက်ပိုင်း ပင်လယ်ပြင် တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး လက်ရှိချိန်တွင် ပျက်စီးဆုံးရှုံးမှု နှင့် သေဆုံးဒဏ်ရာရရှိမှု စာရင်းမထွက်ရှိ သေးကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက် အရ ငလျင် က ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၉ မိနစ် တွင် လှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင် က မြို့တော် မြောက်ပိုင်း ၄၀၀ ကီလိုမီတာ အကွာအဝေး တွင် မြေအောက် အနက် ၃၆.၄ ကီလိုမီတာ သို့ ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း ၊ ငလျင်လှုပ်ခတ်မှု ကြောင့် ကမ်းရိုးတန်း ဒေသ များတွင် အတိုင်းအတာ မတူညီသည့် တုန်ခါမှုများ ဖြစ်ပွား စေခဲ့ကြောင်း သိရှိရသည်။

ချီလီ နိုင်ငံ အရေးပေါ်ကိစ္စရပ် ထိန်းချုပ်ရေး ဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ယခု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဆူနာမီ မဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.