Connect with us

Latin America

အီကွေဒေါ နိုင်ငံရှိ Galapagos ကျွန်းများပေါ်တွင် အမေရိကန် စစ်အခြေစိုက်စခန်းများ မရှိဟု အီကွေဒေါ သမ္မတ ပြောကြား

အီကွေဒေါ နိုင်ငံရှိ Galapagos ကျွန်းများပေါ်တွင် နေထိုင်ကြသော တိရိစ္ဆာန်မျိုးစိတ်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ကွီတို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ သမ္မတ Lenin Moreno က နိုင်ငံ အတွင်း နိုင်ငံခြား စစ်အခြေစိုက် စခန်း တစ်ခုမှ မရှိကြောင်း ၊ နောင်တွင်လည်း ရှိလိမ့်မည် မဟုတ်ကြောင်းဟု အထူးသဖြင့် Galapagos ကျွန်းများအား ရည်ညွှန်း၍ ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီး Oswaldo Jarrin က အီကွေဒေါ နှင့် အမေရိကန် အကြား လေကြောင်း-ရေကြောင်း သဘောတူညီချက်များ အပေါ် ၎င်း၏ ထင်မြင်ချက်အား ပြောကြားရာတွင် Galapagos ကျွန်းများသည် သဘာ၀ အလျောက် လေယာဉ် ဆင်းသက် ပျံသန်းနိုင်သည့် လေယာဉ်တင် သဘောၤကြီးများ သဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သမ္မတ Moreno က Galapagos ကျွန်းများအား ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် အစိုးရ၏ ရပ်တည်ချက်အား အတည်ပြုလျက် ၎င်း၏ တွစ်တာ စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့အမွေအနှစ်များအား ဂရုစိုက်ရန် နည်းလမ်း အဖြစ် နိုင်ငံအများအပြား အကြားက ဝေဟင်မှ စောင့်ကြည့် ခြင်းကို ပူးပေါင်း လှုပ်ရှားမှု တစ်ရပ် အဖြစ် ဆောင်ရွက်ကြကြောင်း သမ္မတက တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့ပြီး ငြိမ်းချမ်းရေး ၊ အချုပ်အခြာ အာဏာ နှင့် အမျိုးသား လုံခြုံရေးသည် ကျွနုပ်တို့၏ အမွေအနှစ် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

Galapagos ကျွန်းများအား ကမ္ဘာ့အမွေအနှစ် ဒေသ ဖြစ်ကြောင်း ၁၉၇၈ ခုနှစ်တွင် ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့မှ ကြေညာခဲ့သည်။

အီကွေဒေါနိုင်ငံက ၁၉၈၅ ခုနှစ်တွင် အဆိုပါ ကျွန်းများသည် မြေထု ၊ လေထု အရင်းအမြစ် နှင့် ၂၀၀၁ ခုနှစ်တွင် ကျွန်းပတ်လည်ရှိ ရေပြင်ကိုလည်း ရေကြောင်း ဆိုင်ရာ အရင်းအမြစ် အဖြစ် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.