ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများသည် ရွှံ့ညွန်များအတွင်း ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ သေဆုံးသူ ၁၄ဦးအထိ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့၌ နိုဝင်ဘာ ၁ဝ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နှင့် အခြားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
လီမာ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ပီရူး နိုင်ငံ အရှေ့တောင်ပိုင်း Puno ပြည်နယ် တွင် နိုဝင်ဘာ ၄ ရက် ညပိုင်း အချိန် ၌ ဆိုးရွားသော ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅...
လော့စ်အိန်ဂျယ်လိစ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ Arizona ပြည်နယ်တွင် အသက် ၁၁ နှစ် အရွယ်ကောင်လေးတစ်ဦးက အဘွားဖြစ်သူ အခန်းသန့်ရှင်းရေးလုပ်ခိုင်းသည်ကို မကျေနပ်၍ အဘွားဖြစ်သူကို သေနတ်နှင့် ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာများက နိုဝင်ဘာ ၅ ရက် တွင်...
ဆန်တီရာဂို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ Iquique မြိုက အနောက်မြောက်ဘက် ၈၉ကီလိုမီတာ အကွာ ၌ နိုဝင်ဘာ ၁ရက် ဂရင်းနစ်စံတော်ချိန် ၂၂၁၉နာရီတွင် ရစ်ချ်တာစကေး ၆.၂ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ကွီတို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayasပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက်က ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ကွီတို(Quito)၊ Guayaquilမြို့နှင့် အနောက်တောင်ပိုင်းရှိ မြို့အတော်များများတွင် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။
ဟွန်ဒူးရပ်စ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈ဦးသေဆုံးပြီး ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၅,၀၀၀ဦး ဘေးဒုက္ခရောက်ခဲ့ရကြောင်း အာဏာပိုင်များ က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဗျူနိုစ်အဲရစ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိရာမှ လွတ်မြောက်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းခံခဲ့ရသော လူငယ် ထိုင်းဘောလုံးသမားများသည် အာဂျင်တီးနားနိုင်ငံ ရေဗာပလိတ်ဘောလုံးအသင်းသို့အောက်တိုဘာ ၇ ရက်တွင် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
လီမာ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ အလယ်ပိုင်း Junín ပြည်နယ် တွင် ခရီးသည်တင် နှစ်ထပ် ကားတစ်စီး စက်တင်ဘာ ၃၀ ရက်က ချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ရီယိုဒီဂျန်နေးရို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ လေဆိပ်တစ်ခုတွင် ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ကြောင်း ဖယ်ဒရယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။