Connect with us

Latin America

ပီရူးနိုင်ငံတွင် သတ္တုတွင်းပေါက်ကွဲမှုကြောင့် သတ္တုလုပ်သား ၈ ဦး သေဆုံး

ပီရူးနိုင်ငံရှိ သတ္တုတွင်းလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လီမာ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း La Libertadပြည်နယ် ရှိ တရားမဝင် သတ္တုတွင်းတစ်ခုတွင် မတ် ၃၀ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းလုပ်သား ၈ ဦး ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အသက်ရှုကျပ်သေဆုံးခဲ့ကြောင်း ပီရူးသတင်းမီဒီယာ၏ မတ်လ ၃၁ ရက် သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားစဉ် အလုပ်လုပ်နေသူ ၁၁ ဦးရှိကြောင်း ၊ ပေါက်ကွဲမှုကြောင့် ဓာတ်ငွေယိုစိမ့်မှုဖြစ်ပွား ရာ ၃ ဦးသာ အသက်မသေ လွတ်မြောက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ ဓာတ်ငွေ့အဆိပ်သင့်မှုကြောင့် ခေါင်းမူး၊ခေါင်းကိုက်ဖြစ်ပွားရာ မနည်းထွက်ပြေးခဲ့ရကြောင်း ဆေးရုံမှာဆေးကုသမှုခံယူနေသည့် အသက်ရှင်ကျန်ရစ်သူတစ်ဦးကဆိုသည်။

လက်ရှိတွင် သေဆုံးသူ ရုပ်လောင်း ၈ ခုကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

အလုပ်သမားဘေးအန္တရာယ်လုံခြုံရေးကာကွယ်မှုအားနည်းသောကြောင့် လွန်ခဲ့သောလကလည်း ၎င်းသတ္တုတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားရာ သတ္တုလုပ်သားတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ (Xinhua)