Connect with us

Latin America

ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌသစ်အဖြစ် ဒေးဗစ် မောပတ်စ်အား ရွေးချယ်

ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌသစ်ဖြစ်လာမည့် ဒေးဗစ် မောပတ်စ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နို်င်ငံတကာရေးရာ လက်ထောက်ဝန်ကြီး ဒေးဗစ် မောပတ်စ် (David Malpass) သည် ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်တွင် စတင်တာဝန်ထမ်းဆောင်မည့် ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း ဧပြီလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်အုပ်စုက ပြောကြားခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သော မောပတ်စ်အား အဆိုပါ ရာထူးအတွက် ဖေဖော်ဝါရီလအစောပိုင်း၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ရွေးချယ်ထားခြင်းဖြစ်ပြီး ယှဉ်ပြိုင်မှုမရှိဘဲ ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့၏ ခွင့်ပြုမှု ရရှိခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီလများအတွင်း ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ကာ ဦးဆောင်ပေးခဲ့သော ခရစ္စတယ်လီနာ ဂျော်ဂျီအီဗာ (Kristalina Geogieva) အား ကျေးဇူးတင်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ ဥက္ကဋ္ဌဟောင်း ဂျင်ယုံကင် (Jim Yong Kim) က ဇန်နဝါရီလ အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်မည်ဟု ရုတ်တရက် ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.