Connect with us

Latin America

ကွန်ဂရက်နှင့် သဘောတူညီမှုမရလျှင်လည်း အမေရိကန်-မက္ကဆီကို နယ်စပ်အား ပိတ်ရန် ၁၀၀ ရာခိုင်နှုန်း အသင့်ရှိကြောင်း ထရမ့်ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာနှင့် ပတ်သက်၍ ကွန်ဂရက်နှင့် သဘောတူညီချက် မရရှိခဲ့ပါက တောင်ပိုင်းနယ်စပ်အား ၁၀၀ ရာခိုင်နှုန်း ပိတ်ပစ်ရန် အသင့်ရှိကြောင်း ဧပြီလ ၂ ရက်တွင် သတိပေးလိုက်သည်။

“ကျွန်တော်တို့ ကွန်ဂရက်နဲ့ သဘောတူညီချက်တစ်ခု မရဘူးဆိုရင် နယ်စပ်ကို ပိတ်ပစ်မှာပါ။ ရာနှုန်းပြည့်ပါ” ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်က အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှုများ စီးဆင်းလာမှုကို စစ်ဆေးရန် ပျက်ကွက်သည့်အတွက် ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာနှင့် အယ်လ်ဆာဗေးဒေါ စသည့်နိုင်ငံသုံးနိုင်ငံအား အပြစ်တင်လိုက်ပြီး ယင်းနိုင်ငံများသို့ အကူအညီများအား ဖြတ်တောက်ရန် ခြိမ်းခြောက်လိုက်သည်။

“သူတို့က ကျွန်တော်တို့အတွက် ဘာမှမလုပ်ပေးဘူး။ ကျွန်တော်တို့ကသာ အဲဒီသုံးနိုင်ငံအတွက် ဒေါ်လာသန်းပေါင်းများစွာ ပေးနေရတာ” ဟု ထရမ့်က ပြောခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရာ ဆန်းဒါးစ် (Sarah Sanders) က တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ်ခြင်းက “အကောင်းဆုံး ဆုံးဖြတ်ချက်” ဖြစ်နိုင်ကြောင်း ဧပြီလ ၂ ရက် အစောပိုင်းက ပြောကြားခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းအား ယခုသီတင်းပတ်အတွင်း ဆောလျင်စွာ လုပ်ဆောင်နိုင်မည်ဟု ထရမ့်က ယခင်က ပြောကြားခဲ့သော်လည်း မည်သည့်အချိန်၌ လုပ်ဆောင်မည်ဆိုသည်ကို ထရမ့်ရော ဆန်းဒါးစ်ပါ ပြောကြားထားခြင်းမရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.