မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၉ ရက် အစောပိုင်းက အင်အား ၅.၉ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားခဲ့ရာ မြို့တော် မက္ကဆီကိုစီးတီးမြို့ မှပင် ငလျင်ဒဏ်ကို ခံစားသိရှိရကြောင်း သိရသည်။
မက္ကဆီကို ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) မက္ကဆီကိုတောင်ပိုင်း Oaxaca ပြည်နယ်တွင် ဇူလိုင်လ ၁၆ ရက်က မြေယာအငြင်းပွားမှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံး ကြောင်း ၎င်းပြည်နယ် အစိုးရရှေ့နေ့ရုံး က ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဟာဗားနား ၊ ဇူလိုင်း ၆ ရက်(ဆင်ဟွာ) ကျူးဘားနိုင်ငံ ကွန်မြူနစ်ပါတီ(RCC) ၏ ပထမအတွင်းရေးမှူး ရာအူးလ်ကက်စရိုသည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးအား ဇူလိုင် ၅ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗျူနိုအဲလ်ရစ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri က ပြင်သစ်အသင်းအား ရှုံးနိုမ့်ခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော အာဂျင်တီးနားလက်ရွေးစင်အသင်းအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ဇွန် ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဟာဗာနား၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) Maria Emilia Quesada Blanco အမည်ရှိ ကျူးဘားနိုင်ငံ ၏ အသက်အကြီးဆုံး အမျိုးသမီး သည် အသက် ၁၁၇နှစ်အရွယ် တွင် Cienfuegos မြို့ရှိ ၎င်း၏ နေအိမ်၌ ဇွန် ၂၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း...
မက္ကဆီကို စီးတီး၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အနောက်ပိုင်း ဂျာလီစကိုပြည်နယ် ဂွာဒါလာဂျာရာမြို့တွင် ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးပြီး အခြားလူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအစိုးရရှေ့နေရုံးက ဇွန် ၁၆ ရက်တွင်ကြေညာခဲ့သည်။
ကရာကက်စ် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကက်စ်ရှိ နိုက်ကလပ်တစ်ခုတွင် ဇွန် ၁၆ ရက် နံနက်ပိုင်းက မျက်ရည်ယိုဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီး က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂွာတီမာလာစီးတီး၊ ဇွန် ၇ ရက် (ဆင်ဟွာ) ဂွာတီမာလာနိုင်ငံရှိ Fuego မီးတောင် ပေါက်ကွဲမှုမှ သေဆုံးသူအရေအတွက် မြင့်တက်လာကာ သေဆုံးသူရုပ်အလောင်း ၉၉ ခုကို ဇွန်လ ၆ ရက်က တွေ့ရှိခဲ့ကြောင်း ဂွာတီမာလာနိုင်ငံ အမျိုးသား မှှုခင်းသိပ္ပံလုပ်ငန်း (INACIF) ထံမှ သိရသည်။
မက္ကဆီကို စီးတီး၊ ဇွန် ၆ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အနောက်ပိုင်း ဂျာလီစကိုပြည်နယ် တွင် ဇွန် ၅ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမား ၇ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံအစိုးရရှေ့နေ တစ်ဦးက ကြေညာခဲ့သည်။
ဂွာတီမာလာ စီးတီး၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ ရှိ Fuego မီးတောင် ပေါက်ကွဲမှုကြောင့် ဇွန် ၅ရက်အထိ လူ ၂၀၀ဦးနီးပါး ပျောက်ဆုံးနေကြောင်း ဂွာတီမာလာ အာဏာပိုင်များက ပြောကြားခဲ့သည်။