Connect with us

Latin America

ဗင်နီဇွဲလားက ဂျာမနီသံအမတ်ကြီးအား နိုင်ငံမှ နှင်ထုတ်

ဗင်နီဇွဲလားနိုင်ငံ၌ သမ္မတ အားထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုတစ်ခု အားတွေ့ ရစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ မတ် ၇ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံက ကာရာကာ့စ်မြို့ရှိ ဂျာမနီနိုင်ငံသံအမတ်ကြီးအား ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ရှုပ်ထွေအောင်ပြုလုပ်နေခြင်းအတွက် သံတမန်ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာသွားရန် မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သံအမတ်ကြီး Daniel Martin Kriener အား ပြည်နှင်ဒဏ်ပေးခြင်းမှာ “ နိုင်ငံ၏ပြည်တွင်းရေးကိစ္စရပ်များတွင် ထပ်ခါတလဲလဲဝင်ရောက်စွက်ဖက်နေသည့် ၎င်း၏ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း” ဗင်နီဇွဲလားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Kriener သည် လက်တင်အမေရိကနိုင်ငံများသို့ခရီးတစ်ခုသွားရောက်ပြီး ဗင်နီဇွဲလားနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော လက်ယာယိမ်းအတိုက်အခံခေါင်းဆောင် Juan Guaido အား လေဆိပ်တွင် သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Guaido သည် ၎င်းကိုယ်ကိုယ် ယာယီသမ္မတအဖြစ် ဇန်နဝါရီလတွင် ထုတ်ဖော်ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံက Guaido အား ယာယီသမ္မတအဖြစ် ချက်ချင်းအသိအမှတ်ပြုခဲ့ပြီး ယင်းနောက်တွင် ဂျာမနီနိုင်ငံက ဖေဖော်ဝါရီလ အစောပိုင်းတွင် အသိအမှတ်ပြုခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအစိုးရက အမေရိကန်၏ Guaido အား နိုင်ငံ၏ ယာယီခေါင်းဆောင်အဖြစ် လက်ခံအသိအမှတ်ပြုခြင်းမှာ လက်ရှိအုပ်ချုပ်ရေးယန္တရားကို ဖြုတ်ချရန် နှင့် နိုင်ငံ၏ကြီးမားသော ရေနံအပါအဝင် ရွှေလုပ်ကွက်များတွင် အမေရိကန်ကော်ပိုရေးရှင်းများအတွက် တံခါးဖွင့်ပေးရန် ဖြစ်ကြောင်း ယုံကြည်ထားသည်။

“ ဗင်နီဇွဲလားနိုင်ငံရဲ့ လွတ်လပ်မှုနဲ့လွတ်မြောက်မှုကို မပြောင်းလဲနိုင်ပါဘူး။ ဒီအတွက် ပြည်သူတွေ နဲ့ အာဏာပိုင်တွေ စိတ်အားထက်သန်နေတဲ့ နယ်ပယ်တွေမှာ သံတမန်တွေ ဝင်ရောက်ခြေရှုပ်နေမှုကို အာဏာပိုင်တွေအနေနဲ့အခုလည်း ခွင့်ပြုမှာမဟုတ်သလို နောင်လည်းခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

ဥရောပနိုင်ငံများအနေဖြင့် ဗင်နီဇွဲလား၏ နိုင်ငံရေးအကျပ်အတည်းအခြေအနေတွင် အာဏာသိမ်းမှု နှင့်အကြမ်းဖက်မှု ဖြစ်စေမည့် လမ်းကြောင်းကို အားပေးအားမြှောက်ပြုနေမည့် အစား အပြုသဘောဆောင်သည့် မျှတသော သဘောထားကို ကျင့်သုံးခြင်းဖြင့် ဗင်နီဇွဲလားအုပ်စုများအကြား ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးသည့် ဖြေရှင်းချက်ကို အားပေးဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်ကဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.