Connect with us

Latin America

ပီရူးနိုင်ငံ ဝန်ကြီးချုပ် တာဝန်မှနုတ်ထွက်

ပီရူးနိုင်ငံ၏ လက်ရှိ သမ္မတ မာတင်ဗစ်ဇ်ကာရာ ကိုတွေ့ရစဉ် (ဆင်ဟွာ)

လီမား၊ မတ် ၉ ရက် (ဆင်ဟွာ)

ပီရူးအစိုးရအဖွဲ့က ပီရူးနိုင်ငံဝန်ကြီးချုပ် ဆီဇာ ဗီလာနျူဗာ (Cesar Villanueva) ၏ ရာထူးတာဝန်မှ နုတ်ထွက်မှု အား မတ်လ ၈ ရက်နေ့က အတည်ပြုခဲ့ကြောင်း သိရသည်။

သမ္မတရုံးမှ ထုတ်ပြန်ကြေညာချက် တစ်ရပ်တွင် ဝန်ကြီးချုပ်ဆီဇာ ဗီလာနျူဗာ က ၎င်း၏ တာဝန်မှ နုတ်ထွက်လွှာကို သမ္မတ မာတင်ဗစ်ဇ်ကာရာ ထံတင်သွင်းခဲ့ကြောင်းဖေါ်ပြခဲ့သည်။ ကြေညာချက်တွင် ဝန်ကြီးချုပ် ဆီဇာ ဗီလာနျူဗာ အနေဖြင့် တာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း ကျေပွန်စွာ အားထုတ်ဆောင်ရွက်ခဲ့မှု အပေါ် သမ္မတ အနေဖြင့် အထူးကျေးဇူးတင်ကြောင်းလည်းဖေါ်ပြခဲ့သည်။ဆီဇာ ဗီလာနျူဗာ က ဝန်ကြီးချုပ် တာဝန်ကို ၂၀၁၃ -၂၀၁၄ ခုနှစ်များတွင် ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဒုတိယ အကြိမ် ဝန်ကြီးချုပ်အဖြစ် ပြန်လည် တာဝန်ယူခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.