Connect with us

Latin America

တူရကီအနေဖြင့် ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူပါက အမေရိကန်က ဂျက်တိုက်လေယာဉ်များ ရောင်းမည်မဟုတ်ဟုပြောကြား

ဥရောပ စစ်ဌာနချုပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Curtis Scaparrottiအားတွေ့ရစဉ်(အင်တာနက်)

ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူပါက အမေရိကန်က ၎င်းတို့၏ F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချမည်မဟုတ်ကြောင်း မတ် ၅ ရက်က ဥရောပဆိုင်ရာ အမေရိကန် ထိပ်တန်း တပ်မှူးက ပြောကြားသည်။

ရုရှားနိုင်ငံထုတ်လေကြောင်းရန်ကာကွယ်ရေးစနစ် S-400ကို တူရကီအနေဖြင့် ဝယ်ယူလျှင် အမေရိကန်ပြည်ထောင်စုက F-35ဂျက်တိုက်လေယာဉ် ရောင်းချမှုကို ဖြတ်တောက်သင့်ကြောင်း အမေရိကန် ဥရောပ စစ်ဌာနချုပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Curtis Scaparrottiက လွှတ်တော်၏ လက်နက်ကိုင်ဝန်ဆောင်မှု ကော်မတီ၏ ကြားနာမှုတွင် သက်သေခံ ပြောကြားခဲ့သည်။

ထိုပြင် တူရကီနိုင်ငံ၏ ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်ရရှိရေး ဆောင်ရွက်မှု အလားအလာက အမေရိကန်အစိုးရအား တူရကီအစိုးရနှင့် F-35တိုက်လေယာဉ် အစီစဉ်ကို ပြန်လည်သုံးသပ်မှုသို့ ဦးတည်စေမည်ဖြစ်ကြောင်း အမေရိကက တူရကီသို့ ရှင်းလင်းပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၅ ရက်က ပြောကြားခဲ့သည်။

ရုရှား S-400လေကြောင်းရန်ကာကွယ်စနစ် ဝယ်ယူခြင်းမပြုရန် အမေရိကန်ပြည်ထောင်စုအနေဖြင့် တူရကီအစိုးရအားအကြိမ်ကြိမ် သတိပေးခဲ့သည်။ ပြီးခဲ့သည့်လက မြူနစ်လုံခြုံရေးညီလာခံတွင် အမေရိကန် ဒုတိယ သမ္မတ Mike Penceက နေတိုးမဟာမိတ်အဖွဲ့ဝင်များသည် ဆန့်ကျင်ဖက်နိုင်ငံများမှ လက်နက်ဝယ်ယူမှုကို အမေရိကန်အနေဖြင့် ထောက်ခံရပ်တည်ပေးမှာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

တူရကီ သမ္မတ Recep Tayyip Erdoganက ၎င်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ်လေကြောင်းရန် ကာကွယ်ရေးစနစ် ဝယ်ယူမည့် သဘောတူညီချက်အတိုင်း ရှေ့ဆက်လုပ်ဆောင်မည်ဖြစ်ပြီး S-400 လေကြောင်းရန်ကာကွယ်စနစ် ဝယ်ယူမှုကို ရှုပ်ထွေးအောင် အမေရိကန်အနေဖြင့် လုပ်ဆောင်နေကြောင်း စွပ်စွဲပြောကြားသည်။

S-400လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူရန် သဘောတးပြီးဖြစ်ကြောင်းနှင့် အဆိုပါ စနစ်ကို ဆောင်းရာသီအတွင်း ဖြန့်ချီတပ်ဆင်သွားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusogluက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.