Connect with us

Latin America

ကျူးဘား အနောက်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျ

ကျူးဘားနိုင်ငံတွင် ယခင်ကပျက်ကျခဲ့သည့် လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗားနား၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ အနောက်တောင်ဘက် ၅၀ကီလိုမီတာ အကွာခန့် တွင် ဖေဖော်ဝါရီ ၂၆ ရက်က စစ်တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း ကျူးဘားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (MINFAR) ကပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ မရှိကြောင်း နှင့် ယင်းဖြစ်စဉ်အား စစ်ဆေးရန် အခင်းဖြစ်ပွားရာသို့ ကော်မရှင်အဖွဲ့တစ်ဖွဲ့ရောက်ရှိနေပြီဖြစ်ကြောင်း MINFAR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျူးဘားနိုင်ငံတော်လှန်ရေးလေတပ်တပ်ဖွဲ့မှ MiG 21 လေယာဉ်သည် လေ့ကျင့် ပျံသန်းမှုတစ်ခုပြုလုပ်နေစဉ် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်တစ်ခုကြောင့် Artemisa ပြည်နယ် Guira de Melena စည်ပင်သာယာရေးနယ်မြေ အပြင်ဘက်၌ မြေပြင်ပေါ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် ဒေသစံတော်ချိန် နံနက် ၁၁နာရီတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အဆိုပါ ရုရှားလုပ် ဂျက်တိုက်လေယာဉ်၏ လေယာဉ်မှူးသည် လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။

ကျူးဘားနိုင်ငံ ၏ နောက်ဆုံး စစ်လေယာဉ်ပျက်ကျမှုသည် ၂၀၁၇ခုနှစ် ဧပြီလတွင် အဆိုပါ Artemisa ပြည်နယ်၌ပင် ဖြစ်ပွားခဲ့ပြီး Candelaria စည်ပင်သာယာရေးနယ်မြေ ရှိ Loma de la Pimienta ဒေသ၌ An-26 လေယာဉ်ပျက်ကျခဲ့ရာ စစ်သား ၈ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.