Connect with us

Latin America

ဗင်နီဇွဲလားအား စစ်ရေးအရတိုက်ခိုက်ရန် အမေရိကန်ကြိုးပမ်းနေကြောင်း ကျူးဘားခေါင်းဆောင် သတိပေး

ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ မတ် ၃ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံ စစ်ရေးအရတိုက်ခိုက်ရန် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေရန် ဆက်လက်လုပ်ဆောင်နေကြောင်း မတ် ၂ ရက် က သတိပေးပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းသည် မှန်ကန်ကြောင်း သက်သေပြရန် မဟုတ်မှန်သော အကြောင်းပြချက်များ ဖြင့် ဆက်လက်ကြိုးပမ်းနေကြောင်း သမ္မတက တွစ်တာ၌ရေးသားခဲ့သည်။

၎င်းက အမေရိကန်တို့၏ အစီအစဉ်အား ဆန့်ကျင်ရေး ကြွေးကြော်ကြရန်လည်း တိုက်တွန်းခဲ့သည်။

လက်ရှိဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အား အာဏာသိမ်းဖြုတ်ချရာတွင် လိုအပ်ပါက အင်အားသုံးဆောင်ရွက်နိုင်ရန် အတိုက်အခံများအား ကူညီရန်အတွက် ကြိုးပမ်းနေသည့် အမေရိကန်နိုင်ငံကို ကျူးဘားသမ္မတက ထပ်ခါတလဲလဲ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလလယ်တွင် ကျူးဘားနိုင်ငံသည် “ဗင်နီဇွဲလားအရေး လက်ရှောင်ကြရန်” အမည်ရှိ လှုပ်ရှားမှုတစ်ခုအတွက် တစ်နိုင်ငံလုံး လက်မှတ်များ စုဆောင်းခဲ့ရာ လက်မှတ်ပေါင်း ၃.၆သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ အစိုးရကို ဆန့်ကျင်၍ အတိုက်အခံ အဖွဲ့ နှင့် ညှိနှိုင်းဆွေးနွေးကာ ဗင်နီဇွဲလားနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှု အမည်ခံ ထောက်ပံ့ရေးပစ္စည်းများကိုပေးပို့ခဲ့ပြီး နိုင်ငံရေးအရ ဘက်လိုက်မှုအတွက် ပြစ်တင်ဝေဖန်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.