ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် IS စစ်သွေးကြွအုပ်စုအားတိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ရန် ဆီးရီးယားနိုင်ငံ သို့ အမေရိကန်တပ်သား ၂၀၀ခန့် ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဒီဇင်ဘာ ၁၀ရက် တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများ ရှိမရှိ အပြည့်အဝ ပြန်လည် ဆန်းစစ်ရန်အတွက် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ဒီဇင်ဘာလ ၉...
ဝါရှင်တန်၊ ဒီဇင်ဘာ ၉ရက် (ဆင်ဟွာ)ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဂျွန်ဂလန်း သည် အသက် ၉၅နှစ်အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ထားသည့် ဒေါ်နယ်ထရမ့်အား တိုင်းမ်မဂ္ဂဇင်းက “ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ်” အဖြစ် မဂ္ဂဇင်းမျက်နှာဖုံး၌ ရွေးချယ်ဖော်ပြခဲ့ကြောင်း ဒီဇင်ဘာ ၇ရက်က ကြေညာခဲ့ပြီး ထို့သို့ရွေးချယ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)ခရီးသွားလာရေး ကုမ္ပဏီ တစ်ခုက လကမ္ဘာသို့ ခရီးသွားလာနိုင်ရေး အထူးကြိုးစားလျက်ရှိရာ လာမည့် ၁၀ နှစ်အတွင်း သာမန်လူသားများလည်း မိမိတို့၏ အားလပ်ရက်များတွင် လကမ္ဘာသို့ သွားရောက်လည်ပတ် အချိန်ဖြုန်းနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) အနာဂတ် အမေရိကန်နိုင်ငံသမ္မတများ စီးနင်းမည့် Air Force One လေယာဉ်သစ် တစ်စီး၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်တန်ဖိုးရှိကြောင်း အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် မှ ဒီဇင်ဘာ ၅ ရက်နေ့တွင် ၂၀၁၆ ခုနှစ် တောင်အမေရိကဖလား Champion ဆုတံဆိပ်ကို ဘောလုံးအသင်းသားများ လေယာဉ်ပျက်ကျမှုကြောင့် ဆုံးရှုံးခဲ့သည့် Chapecoense ကလပ်အသင်း အား ပေးအပ်ခဲ့ပြီး ပြိုင်ဘက် Atletico Nacional...
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ) နေ့စဉ်ပုံမှန် ဆေးလိပ် ၁၀လိပ် နှင့်အောက် သောက်သုံးသူများသည် ဆေးလိပ်လုံးဝမသောက်သူတစ်ဦးချင်းစီ ထက် ဆောလျင်စွာ အသက်သေဆုံးနိုင်ခြေ ရှိကြောင်း အမေရိကန်လေ့လာတွေ့ရှိမှုအသစ်တစ်ရပ် က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အို့ခ်လန်မြို့ ရှိ တာဝန်ရှိသူများက ဒီဇင်ဘာ ၂ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ကုန်လှောင်ရုံမီးလောင်မှု ကြောင့် သေဆုံးသွားသူ ၃၃ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၄ရက်ကပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) နိုဝင်ဘာ ၂၈ ရက်က လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် အသက်သေဆုံးသွားကြသည့် Chapeconense ဘောလုံးအသင်းကစားသများ နှင့် နည်းပြများ၏ ဈာပန အခမ်းအနားကို သတင်းမီဒီယာသမားများ၊ အားကစားသမားများ၊ နိုင်ငံရေးသမားများ နှင့်ထင်ရှားကျော်ကြားသူများအပါအဝင် လူပေါင်း တစ်သိန်းနှစ်သောင်းခန့်တက်ရောက်ရန် မျှော်လင့်ထားကြောင်း သိရသည်။