Connect with us

Latin America

ပီရူး တွင် ဘတ်စ်ကားမတော်တဆမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံး

ရဲတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးခဲ့သည့် ဘတ်စ်ကားမတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လီမာ၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ Andes တောင်တန်းများ အနီးတွင် ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်း က ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား မတော်တဆမှုကြောင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ဦးသေဆုံးကြောင်း ပီရူးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး Carlos Basombrio က ယခုဖြစ်ရပ်အတွက် အလွန်ကြေကွဲရပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန နှင့် ပူးပေါင်း၍ ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင် ၁၃ဦးအား သယ်ဆောင်ရန် ရဟတ်ယာဉ် ၂စင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နှင့် အခြေအနေစိုးရိမ်ရသူများအတွက် လီမာသို့ ပို့ဆောင်ရန် လေယာဉ်တစ်စင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန၏ အစောပိုင်းထုတ်ပြန်ချက်၌ ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်း မတော်တဆမှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဘတ်စ်ကားသည် တောင်ထူထပ်သော ဒေသရှိ တောင်ကြားတစ်ခုအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း ပါရှိသည်။

ဘတ်စ်ကားသည် ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း Apurimac ဒေသ မြို့တော် Abancay ရှိ ရဲအခြေစိုက်စခန်း တစ်ခုမှ ရဲတပ်ဖွဲ့ဝင် ၅၅ဦး ကို တင်ဆောင်ကာ Antabambaမြို့သို့ ဒေသစံတော်ချိန် နံနက် ၄း၂၀နာရီတွင် ထွက်ခွာလာကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များသည် Antabambaမြို့ တွင်ပြုလုပ်မည့် အစည်းအဝေးတစ်ခု၌ လုံခြုံရေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် Achiojaမြို့နှင့် Mataraမြို့ ကြားရှိ လမ်းမတစ်ခုတွင် ရုတ်တရက်ကွေ့ချလိုက်၍ ၃၀၀မီတာ မှ ၅၀၀မီတာ အမြင့်ရှိသည့် တောင်ကြားထဲသို့ ထိုးကျသွားခဲ့ပြီး ဘတ်စ်ကားတစ်စီးလုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လီမာမြို့တွင် ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်ရဲသင်တန်းကျောင်း၏ ကျောင်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်လာသည့် ပီရူးသမ္မတ Pedro Pablo Kuczynski က ဘတ်စ်ကားမတော်တဆမှု အတွင်း သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များအတွက် တစ်မိနစ် ငြိမ်သက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.