Connect with us

Latin America

ဘရာဇီး အိုလံပစ်ပွဲအတွက် ပြည်သူ့ကျန်းမာရေး အတွက်ဝန်ထမ်း ၆,ဝဝဝ ငှားရမ်း အသုံးပြုမည်

Rio 2016 အိုလံပစ် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့်နေကြစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအားကစား ပြိုင်ပွဲတွင် ကျန်းမာရေး ဝန်ဆောင်မှုပေးရန် ဝန်ထမ်း ၆,ဝဝဝ ဦးအား ငှားရမ်း အသုံးပြုသွားမည် ဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီ အစီးအဝေးပွဲသို့ တက်ရောက်နေသည့် ဘရာဇီး ကျန်းမာရေး ဝန်ကြီး ရီကာဒိုဘာရိုစ့် က ပြောကြား လိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ နိုင်ငံတကာ အိုလံပစ်ကော်မတီ ရုံးချုပ် ( IOC ) ၌ မေလ ၂၅ ရက်က ပြုလုပ်သည့် အစည်းအဝေးပွဲတွင် ဘရာဇီး ကျန်းမာရေးဝန်ကြီးက IOC ညွှန်ကြားရေးမှူးချုပ် ခရစ်တိုဖာဒီကပ်ပါနှင့် ဆေးအဖွဲ့ညွှန်ကြားရေးမှူး ရစ်ချက်ဒ်ဘက်ဂျတ် တို့အား သြဂုတ်လတွင် ကျင်းပမည့် အားကစားပြိုင်ပွဲ အတွက် ဘရာဇီးအစိုးရအဖွဲ့နှင့် ရီယိုဒီဂျနေရိုမြို့တော်ဝန်တို့နှင့် ပြုလုပ်ခဲ့သော အပြီးသတ် ညှိနှိုင်းအစည်းအဝေးပွဲ အကြောင်းကို ရှင်းပြခဲ့သည်။
၎င်းညှိနှိုင်း အစည်းအဝေးတွင် ဘရာဇီး ပြည်ထောင်စုအစိုးရ ၊ ပြည်နယ်အစိုးရ နှင့် ဒေသန ္တရအစိုးရအဖွဲ့ဝင် အားလုံးသည် အေးဒိစ့်ခြင် (aedes aegypti) မှတဆင့် ကူးစက်စေသည့် ဇီကာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအစဉ်မျာ းအကြောင်းကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
ရီယိုဒီဂျနေရိုမြို့ရှိ ဆေးရုံများအတွက် နောက်ထပ် ကျန်းမာရေးလုပ်သား ၂,၅ဝဝ ဦး ဖြည့်စွက် ငှားရမ်းသွားရန်နှင့် အိုလံပစ် အားကစားပြိုင်ပွဲ အတွင်း ရှေးဦးသူနာပြု ကူညီဆောင်ရွက်ပေးမည့် ကျန်းမာရေး ဝန်ထမ်း ၃,၅ဝဝ ဦးတို့အား ငှားရမ်း အသုံးပြုသွားမည့် အစီအစဉ်များကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရီယိုဒီဂျနေရိုမြို့၌ အိုလံပစ်ပြိုင်ပွဲကျင်းပမည့်အချိန်သည် ဘရာဇီးနိုင်ငံ၏ ရာသီဥတုမှာ အေးမြ ခြောက်သွေ့နေသောကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက်စေသည့် ခြင်ပေါက်ပွားမှုနှုန်းသည်လည်း လျော့နည်းနေမည် ဟူသည့် အတည်ပြုချက်ကို ဘရာဇီး ကျန်းမာရေးဝန်ကြီးက IOC ညွှန်ချုပ်အား ပေးအပ်ခဲ့သည်။
OIC ညွှန်ချုပ် ဒီကပ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် နှင့်အနီးကပ် လက်တွဲပြီးလုပ်ကိုင်နေသည့် ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနအား IOC အဖွဲ့ အနေဖြင့် ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကျင်းပမည့် အားကစားပြိုင်ပွဲတွင် လုံခြုံစိတ်ချသည့် အခြေအနေမျိုး ဖြစ်အောင် ဘရာဇီးနိုင်ငံက စီမံ ဆောင်ရွက်ပေးနိုင်မည်ကို အပြည့်အဝ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.