Connect with us

Europe

၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေးညီလာခံ ကျင်းပပြီးစီးခဲ့ရာ လုံခြုံရေးအကြောင်းအရာကို အများက ဂရုပြုဆဲဖြစ်

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် မီဒီယာသတင်းထောက်များက မြူးနစ် လုံခြုံရေးညီလာခံ သတင်းမီဒီယာစင်တာ၌ အလုပ်လုပ်နေကြပြီး ဖန်သားပြင်ပေါ်တွင် မြူးနစ် လုံခြုံရေးညီလာခံ ဥက္ကဋ္ဌ Christoph Heusgen က ညီလာခံပိတ်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ် (ဂျာမနီ) ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

၃ ရက်ကြာ ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေးညီလာခံ (MSC) သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးကာလအတွင်း ဘက်ပေါင်းစုံက ဥရောပ လုံခြုံရေး၊ ရုရှား-ယူကရိန်း ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး စသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ လက်ရှိရှုပ်ထွေးသည့် နိုင်ငံတကာအခြေအနေတွင် အစည်းအဝေးတက်ရောက်လာသော ဘက်ပေါင်းစုံက ကိစ္စရပ်များစွာနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်ပြီး လုံခြုံရေးအကြောင်းအရာသည် ဘက်ပေါင်းစုံက အဓိကဂရုပြုသည့် အကြောင်းအရာ ဆက်လက်ဖြစ်နေခဲ့သည်။

အစည်းအဝေးမကျင်းပမီ ဂရုအပြုခံရဆုံး အကြောင်းအရာများအနက် တစ်ခုမှာ ရုရှား-ယူကရိန်း ပဋိပက္ခအား ဖြေရှင်းရေး အနာဂတ်အလားအလာပင်ဖြစ်သည်။ လတ်တလောကာလအတွင်း အမေရိကန် သမ္မတ ထရမ့်သည် ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ကို ဖုန်းဆက်ဖြင့်ဆက်သွယ်ခဲ့သည်။ ထို့နောက် ထရမ့်က အမေရိကန်-ရုရှား နှစ်ဖက်သည် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “နီးကပ်စွာပူးပေါင်းဆောင်ရွက်” သွားရန် သဘောတူညီကာ “ဆွေးနွေးမှုအား ချက်ချင်းစတင်ရန်” ကိုယ်စီအဖွဲ့များ စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်-ရုရှားက သီးသန့်ဆွေးနွေးပွဲများ ကျင်းပလာနိုင်ခြင်းကြောင့် ဥရောပက ၎င်းတို့အနေဖြင့် ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြင်သို့ ဖယ်ထုတ်ခံထားရမည်ကို ပူပန်လာသည်။ ထိုလုပ်ရပ်သည်လည်း MSC အစည်းအဝေးကာလအတွင်း ဥရောပ ဘက်အသီးသီး၏ ရှုတ်ချခြင်းခံခဲ့ရသည်။

အစည်းအဝေးကာလအတွင်း အစည်းအဝေးတက်ရောက်သူအများအပြားအား အလွန်အမင်း တုန်လှုပ်သွားစေသည်မှာ ဥရောပဒီမိုကရေစီ၊ ရွှေ့ပြောင်းနေထိုင်မှု စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမေရိကန် ဒုတိယသမ္မတ ဗန့်စ်၏ တိုက်ခိုက်ပြောဆိုမှုများပင်ဖြစ်သည်။ ၎င်းက ဥရောပ၏ “အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ ဥရောပအတွင်းပိုင်းမှလာခြင်း” ပင်ဖြစ်သည်ဟုဆိုကာ လက်ရှိ ဥရောပ၏တန်ဖိုးအမြင်အား အမေရိကန်က ကာကွယ်ပေးရန် သင့်မသင့်ကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်။ ဗန့်စ်၏ပြောဆိုချက်သည် ဥရောပနိုင်ငံ အရာရှိများ၏ ရှုတ်ချခြင်းခံခဲ့ရသည်။ အစည်းအဝေးတက်ရောက်လာသူအချို့က အမေရိကန်အစိုးရ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မသေချာမှုများက အမေရိကန်-ဥရောပဆက်ဆံရေး ကွဲပြဲမှုကို ဆိုးရွားလာစေပြီး အတ္တလန္တိတ်ဖြတ်ကျော် ကွာဟမှုသည် နက်ရှိုင်းလာနေကြောင်း၊ အမေရိကန်-ဥရောပ နှစ်ဖက်က လူမှုအသိုက်အဝန်း တန်ဖိုးအမြင်နှင့် ဒီမိုကရေစီအနှစ်သာရ၏ ပိုမိုနက်ရှိုင်းသောအလွှာတွင် သဘောထားကွဲလွဲမှုများ ပြင်းထန်နေသည်ဟု ယူဆကြသည်။

ဗန့်စ်အမှာစကားပြောကြားပြီးနောက် “ကျွန်တော်တို့ရဲ့ ဘုံတန်ဖိုးအခြေခံက မခိုင်မြဲတော့မှာကို ကျွန်တော်တို့ ပူပန်လာရပါတယ်။ မိမိတို့ထိန်းသိမ်းကာကွယ်နေတဲ့ တန်ဖိုးအမြင်နဲ့ အခြေခံမူတွေကို အလေးထားပြောကြားသွားတဲ့ ဥရောပနိုင်ငံရေးပညာရှင်တွေအားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ရှိပါတယ်” ဟု မြူးနစ် လုံခြုံရေးညီလာခံ ဥက္ကဋ္ဌ Christoph Heusgen က ညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက မြူးနစ်လုံခြုံရေးညီလာခံက ပေးသည့် သတင်းစကားမှာ အလွန်တိကျရှင်းလင်းကြောင်း၊ “ဥရောပက ရှိလည်းရ မရှိလည်းရတဲ့ အရာမဟုတ်ပါဘူး” ၊ “ပိုမိုဗဟုအသွင်ဖြစ်သည့် ကမ္ဘာကြီးက ‘ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း’ နဲ့ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ တို့ကို အခြေခံတဲ့ စည်းကမ်းနှင့် အခြေခံမူများ လိုအပ်တယ်လို့ ကျွန်တော် အခိုင်အမာယုံကြည်ပါတယ်။ ဒီတန်ဖိုးအမြင်တွေကို ကျွန်တော်တို့ ဆက်လက်အခိုင်အမာ ဖော်ဆောင်သွားကြပါစို့” ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုအကြိမ် အစည်းအဝေးတွင် အာဖဂန်နစ္စတန်၊ ဆူဒန် စသည့်ဒေသများ၏ လုံခြုံရေးအခြေအနေ၊ ရာသီဥတုပြောင်းလဲမှု၊ ဉာဏ်ရည်တု (AI)၊ စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင် စသည့်ကဏ္ဍဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြူးနစ် လုံခြုံရေးညီလာခံကို ၁၉၆၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယင်းမှာ ထိုမတိုင်မီက အတ္တလန္တိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးကို အဓိကဆွေးနွေးသည့် “နိုင်ငံတကာ ကာကွယ်ရေးလုပ်ငန်း ညီလာခံ” ဖြစ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ မဟာဗျူဟာနှင့် လုံခြုံရေးကဏ္ဍ၌ အရေးပါသော နှစ်စဉ်ဖိုရမ် အစည်းအဝေးများအနက် တစ်ခုဖြစ်လာပြီဖြစ်သည်။ (Xinhua)

…………………………….
(Chinese Version)
第61届慕安会闭幕 安全议题继续受关注
新华社德国慕尼黑2月16日电(记者邰思聪 车云龙)为期3天的第61届慕尼黑安全会议(慕安会)16日闭幕。会议期间,各方围绕欧洲安全、俄乌冲突、中东和平等全球安全议题进行了讨论。当前复杂的国际形势下,与会各方仍在诸多问题上存在分歧,安全议题仍将持续成为各方关注的焦点。
会议前,最受关注话题之一是俄乌冲突的解决前景。近期,美国总统特朗普先后与俄罗斯总统普京、乌克兰总统泽连斯基通电话。特朗普随后表示,美俄双方同意就结束俄乌冲突进行“紧密合作”,并派遣各自团队“立即开始谈判”。美俄可能举行单独谈判,令欧洲担忧自己被排除在乌克兰和平进程之外,这一动向在会议期间被欧洲各方“口诛笔伐”。
会议期间,最令许多与会方震惊的,是美国副总统万斯抨击欧洲民主、移民等问题的言论,称欧洲的“最大威胁来自欧洲内部”,公开质疑当前欧洲价值观是否值得美国捍卫。万斯的言论随后遭到欧洲各国政要谴责。一些与会者认为,美国政府更迭带来的不确定性正在加剧美欧关系的破裂,跨大西洋鸿沟正在加深,美欧双方在社会价值观和民主本质的更深层次分歧严重。
慕安会主席克里斯托夫·霍伊斯根在慕安会闭幕式上表示,万斯发表讲话后,“我们不得不担心我们的共同价值基础不再稳固。我非常感谢所有站出来重申他们所捍卫的价值观和原则的欧洲政治家们。”同时,他还表示,慕安会传递的信息很明确,“欧洲不是可有可无的”。“我坚信,这个更加多极化的世界需要以《联合国宪章》和《世界人权宣言》为基础的规范和原则。让我们继续坚持这些价值观。”他说。
此外,本届会议还围绕阿富汗、苏丹等地的安全形势,以及气候变化、人工智能、粮食安全、能源等领域话题展开讨论。
慕安会创始于1963年,前身是以跨大西洋伙伴关系为重点议题的“国际防务大会”,如今已发展成为国际战略和安全领域的重要年度论坛之一。(完)
图说1:2月16日,在德国慕尼黑,媒体记者在慕安会新闻中心工作。屏幕上直播慕安会主席克里斯托夫·霍伊斯根的闭幕式致辞。新华社记者 张帆 摄