Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ကိုရီးယားကျွန်းဆွယ်အရေး သံတမန်နည်းအရ ဖြေရှင်းသွားရန် လိုလားကြောင်း ထရမ့်ပြောကြား - Xinhua News Agency
Connect with us

North America

ကိုရီးယားကျွန်းဆွယ်အရေး သံတမန်နည်းအရ ဖြေရှင်းသွားရန် လိုလားကြောင်း ထရမ့်ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကိုရီးယားကျွန်းဆွယ်အရေး ကို သံတမန်နည်းအရ ချဉ်းကပ်၍ ဖြေရှင်းသွားရန် လိုလားကြောင်း၊ သို့သော် မြောက်ကိုရီးယားနိုင်ငံ နှင့် အဓိကကျသည့် ပဋိပက္ခတစ်ခု ဖြစ်ပွားနိုင်ချေရှိကြောင်း ဧပြီ ၂၇ ရက်က သတိပေးပြောကြားခဲ့သည်။

ထရမ့်က “အရေးကိစ္စတွေကို သံတမန်နည်းအရ ဖြေရှင်းသွားဖို့ အမှန်တကယ်လိုလားပေမယ့် ဒါဟာ တကယ်ကို ခက်ခဲပါတယ်။ မြောက်ကိုရီးယားနဲ့ ပဋိပက္ခဖြစ်ရပ်ကို အဆုံးသတ်နိုင်ဖို့ သေချာပေါက် နည်းလမ်းရှိပါတယ်” ဟု ရိုက်တာသတင်းဋ္ဌာနနှင့် အင်တာဗျူးပြုလုပ်စဉ်ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့၏ အကြီးတန်းအရာရှိများက မြောက်ကိုရီးယား နှင့် ပတ်သက်၍ ဆက်လက် လုပ်ဆောင်သွားမည့် အမေရိကန်၏ မူဝါဒများကို ဧပြီ ၂၇ ရက် က အမေရိကန်နိုင်ငံ ကွန်ဂရက် အဖွဲ့ဝင်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထရမ့်က မြောက်ကိုရီးယား အပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့မှုများ နှင့် သံတမန်ဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်၍ မြောက်ကိုရီးယား၏ နျူကလီးယား နှင့် ဒုံးကျည်အစီအစဉ်များကို ဖျက်သိမ်းစေရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းပွဲပြီးနောက် အမေရိကန်အရာရှိများက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ “မြောက်ကိုရီးယားအနေနဲ့ အမြင်မှန်ရရှိကာ ပဋိပက္ခတွေလျော့နည်းသွားပြီး ဆွေးနွေးမှုလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိလာဖို့ အတွက် ၎င်းအပေါ် ဖိအားပေးမှုတွေ ပိုမိုပြုလုပ်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ရှိ အဖွဲ့ဝင်များ နဲ့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပါရှိသည်။

ယင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန် (Rex Tillerson)၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မတ်တစ် (James Mattis) နှင့် အမျိုးသားစုံစမ်းထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒန်ကုတ်စ် (Dan Coats) တို့ က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၌ “အမေရိကန်နိုင်ငံဟာ တည်ငြိမ်မှု နဲ့ ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်တဲ့ ငြိမ်းချမ်းမှုကို လိုလားပါတယ်။ ဒါအပြင့် မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းချက်တွေဟာ အရေးကြီးတဲ့ နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ဦးစားပေးရမယ့် ထိပ်တန်းနိုင်ငံခြားရေးမူဝါဒလည်းဖြစ်ပါတယ်။ ယင်းသို့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိဖို့ ညှိုနှိုင်းဆွေးနွေးမှု တံခါးပေါက်တွေကို ဖွင့်လှစ်ပေးထားသော်လည်း နိုင်ငံ့အကျိုးစီးပွား နဲ့ မဟာမိတ်တွေကို ကာကွယ်ပေးဖို့ရာ အမြဲပြင်ဆင်ထားပါတယ်” ဟုဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.