Connect with us

North America

ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gennady Gatilov တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိစ္စဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝန်ကြီးများ အစည်းအဝေး မတိုင်ခင် ဧပြီ ၂၇ ရက်နေ့ ညက တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဝမ်က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ကို အတူတကွလုပ်ဆောင်ခဲ့ကြပြီး နှစ်ဖက်စလုံးသည် နိုင်ငံတကာ နှင့် ဒေသတွင်းအရေးကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် နီးကပ်စွာ ဆက်ဆံမှုတို့ကို ထိန်းသိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝမ်က ကိုးရီးယားကျွန်းဆွယ်အရေးကိစ္စတွင် တင်းမာမှုများမြင့်မားနေပြီး ထိန်းချုပ်၍ မရနိုင်တော့သည်အထိ ဆိုးရွားသွားနိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။

၎င်းက တရုတ်နိုင်ငံ မှ အဆိုတင်သွင်းသည့် “လမ်းကြောင်း နှစ်ခုမှ ချဉ်းကပ်ခြင်း” နှင့် “ရပ်ဆိုင်းမှု နှစ်ခု ပြုလုပ်ခြင်း” တို့သည် ရုရှားနိုင်ငံ၏ သဘောထားနှင့် တိုက်ဆိုင်ကြောင်း၊ နှစ်ဖက်စလုံးသည် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားအရေးကိစ္စအား ဖြေရှင်းရန် အတွက် နီးကပ်စွာဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ အဆိုတင်သွင်းသည့် “လမ်းကြောင်း နှစ်ခုမှ ချဉ်းကပ်ခြင်း” သည် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်ရေး နှင့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား အချိန်အတိုင်းအတာတစ်ခုအထိ စစ်ပြေငြိမ်းမှုအား ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် အစားထိုးရန် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ “ရပ်ဆိုင်းမှု နှစ်ခု ပြုလုပ်ခြင်း” ဆိုသည်မှာ မြောက်ကိုရီးယားဘက် က နျူကလီးယားလုပ်ငန်းစဉ် နှင့် ဒုံးကျည်ပစ်လွှတ်ခြင်းတို့ကို ရပ်ဆိုင်းပြီး တောင်ကိုရီးယား နှင့် အမေရိကန်တို့ဘက်ကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးများ ကို ရပ်ဆိုင်းရန်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား နှင့် သက်ဆိုင်သည့် လုံခြုံရေးကောင်စီ၏ ဖြေရှင်းချက်များကို လုံးဝပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ရန် အားလုံးလုပ်ဆောင်သင့်ကြောင်း ဝမ် နှင့် Gatilov တို့က လက်ရှိ အခြေအနေများ အရ သဘောတူခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.