ဝါရှင်တန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် သြဂုတ်လ ၁၈ ရက် အစောပိုင်းက Disney Fantasia Gardens ရှိ အသေးစား ဂေါက်ကွင်းလမ်းကြောင်းအနီးတွင် မီးလောင်နေသော ယာဉ်အတွင်း လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရသည်။
ဟူစတန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အိုကလာဟိုးမားမြို့ အရှေ့မြောက်ဘက် ၄၅ကီလိုမီတာခန့် ရှိ လူသာမြို့ အထက်တန်းကျောင်းတစ်ကျောင်း ၌ ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့် သြဂုတ် ၁၆ ရက်တွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံခဲ့ရကြောင်း သိရသည်။
နယူးယောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Tanaga မီးတောင် တောင်ဘက် ၆၅ကီလိုမီတာ အကွာ တွင် သြဂုတ်၁၅ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၅၆း၅၄ နာရီ က အင်အား ၆.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း(NDAA) အတွက် အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံကို ခွင့်ပြုကြောင်း သြဂုတ် ၁၃ ရက်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့သည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville တွင် လူဖြူလူမျိုးရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခဖြစ်ပွားရသည့် ၁ နှစ်ပြည့်ကာလ ဖြစ်သည်။ လူဖြူလူမျိုးရေးဝါဒီ အနည်းစုက ယင်းနေ့တွင် အိမ်ဖြူတော်မြောက်ဘက်Lafayetteရင်ပြင်တွင် စုဝေးဆန္ဒပြပွဲကျင်းပရာ ထောင်နှင့်ချီသောသူများက ၎င်းတို့အားဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် စုဝေးဆန္ဒပြပွဲကို မအောင်မမြင်ဖြင့်...
ဆန်ဖရန်စစ္စကို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် North Slope ခရိုင် ရှိ Kaktovik မြို့ အနောက်တောင်ဘက် ၆၄ကီလိုမီတာအကွာ တွင် သြဂုတ် ၁၂ ရက် ဂရင်းနစ် စံတော်ချိန် ၁၄း၅၈း၅၃နာရီတွင် ရစ်ချ်တာစကေး ၆.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု...
ဝါရှင်တန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့သည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville တွင် လူဖြူ လူမျိုးရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခဖြစ်ပွားရသည့် ၁ နှစ်ပြည့်ကာလ ဖြစ်သည်။ ထရမ့်က လူမျိုးရေးခွဲခြားမှု အားလုံးကို အပြစ်တင်ရှုံ့ချကြောင်းနှင့် စည်းလုံးညီညွတ်ရန် တိုက်တွန်းကြောင်း သြဂုတ်...
အော့တဝါ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ New Brunswick ပြည်နယ်တွင် သြဂုတ် ၁ဝ ရက် နံနက်ပိုင်းက မတော်တဆသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးဆုံးသွားကြောင်း CTV ရုပ်မြင်သံကြားသတင်းအရ သိရသည်။
ဆီတယ် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန် ရှိ Seattle လေဆိပ်၌ ခရီးသည်တင်လေယာဉ်တစ်စင်း ခွင့်ပြုချက်မဲ့ ပျံသန်းထွက်ခွာသွားပြီးနောက် လေဆိပ်၌ ရပ်ထားသော လေယာဉ်အားလုံးကို ထွက်ခွာခွင့်မပြုတော့ကြောင်း သိရသည်။ အခိုးခံရသော လေယာဉ်အား F-15 လေယာဉ်နှစ်စင်းဖြင့် လိုက်လံတားဆီးခဲ့ပြီး ယင်းလေယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာခဲ့ခြင်း...
ဝါရှင်တန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်ချ်က အမေရိကန်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်သွားရန် စီစဉ်ထားကြောင်း သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့အာကာသတပ်ဖွဲ့ဖွဲ့စည်းရန် ပင်တဂွန်စစ်ဌာနချုပ်တွင် ထိပ်တန်းအရာရှိများက မေးခွန်းထုတ်ခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်၏ အကြံဉာဏ်ဖြစ် ဖွဲ့စည်းရန် ဖြစ်ကြောင်း ပန့်ချ်က...