Connect with us

North America

(သတင်းစုစည်းချက်) နိုင်ငံတကာအသိုင်းအဝိုင်း က အမေရိကန်နိုင်ငံလွှတ်တော်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု နှင့် အံ့အားသင့်မှု ဖြစ်ခဲ့ရ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား ထောက်ခံအားပေးသူများ ဆန္ဒပြနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်၌ ဇန်နဝါရီ ၆ ရက် တွင် အကြမ်းဖက်ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွား ခဲ့ပြီး အချို့သော ဆန္ဒပြသူများက လွှတ်တော်အဆောက်အဦ အတွင်းသို့ ဝင်ရောက်၍ ရဲတပ်ဖွဲ့ဝင် နှင့် ထိပ်တိုက် ရင်ဆိုင်မှုများဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုများရှိ ခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီး မှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ မှ ခေါင်းဆောင်များ က ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သဘောထားအမြင်များကို အသီးသီး ပြောဆိုခဲ့ကြရာတွင် ယင်းဖြစ်ရပ်သည် အကြမ်းဖက်ခြင်းဖြစ်ပြီး စိုးရိမ်ဖွယ်ရာကောင်းကြောင်း နှင့် အံ့အားသင့်ဖွယ်ရာကောင်းကြောင်း အမေရိကန် အာဏာပိုင်များအနေဖြင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူ က အတွင်းရေးမှူးချုပ်အနေဖြင့် အမေရိကန်နိုင်ငံ ဝါရှင်တန် လွှတ်တော်အဆောက်အဦ တွင် ဖြစ်ပွား ခဲ့သည့် အဓိကရုဏ်း နှင့် ပတ်သက်၍ ဝမ်းနည်းမိကြောင်း ၊ လက်ရှိအခြေအနေအောက်တွင် အမေရိကန်အစိုးရ ခေါင်းဆောင်အနေဖြင့် ထောက်ခံအားပေးသူများအား အကြမ်းဖက်မှုကို ရှောင်ရှားရန် နှင့် တရားဥပဒေစိုးမိုးရေး ၏ အရေးပါပုံကို သိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက် ၌ ပြောကြား ခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် အံ့အားသင့်ဖွယ်ရာကောင်းကြောင်း ရေးသားဖော်ပြခဲ့သည်။

ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က ကနေဒါနိုင်ငံသာများအနေဖြင့် ဝါရှင်တန်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှု နှင့် ပတ်သက်၍ နက်ရှိုင်းစွာ စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှု ဖြစ်ပေါ်ခဲ့ရကြောင်း ၊ အခြေအနေအမြန်ဆုံးပြန်လည်ပုံမှန်ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၆ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တစ်ခုဖြစ်ပြီး ယင်ဖြစ်ရပ် က အမေရိကန်နိုင်ငံပြည်တွင်း အကြမ်းဖက်မှုများ မြင့်တက်လာသည်ကို ဖော်ပြနေသလို အမေရိကန်နိုင်ငံ နိုင်ငံရေးစနစ် နှင့် လူမှုအသိုင်းအဝိုင်း က နက်ရှိုင်းသည့် အန္တရာယ် ဖြင့် ကြုံတွေ့နေရကြောင်း ၊ ဗင်နီဇွဲလားနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်နိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှု အမြန်ဆုံး ရပ်တန့်သွားပြီး အမေရိကန်နိုင်ငံပြည်သူများအနေဖြင့် နောက်ဆုံးတွင် တည်ငြိမ်အေးချမ်းကာ မှန်ကန်သော လူမှုအသိုင်းအဝိုင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernández က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အာဂျင်တီးနားနိုင်ငံအနေဖြင့် ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် အကြမ်းဖက်မှု နှင့် လွှတ်တော်အား တိုက်ခိုက်သည့် ဆောင်ရွက်မှုများအပေါ် ပြစ်တင်ရှုတ်ချကြောင်း ရေးသားဖော်ပြခဲ့သည်။

ဆလိုဗေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Janez Janša က တွစ်တာတွင် ဝါရှင်တန်တွင်ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ်က လွန်စွာ ပရမ်းပတာ ဖြစ်ကြေား ရေးသားဖော်ပြခဲ့သည်။

ပေါ်တူဂီ နိုင်ငံ ဝန်ကြီးချုပ် António Costa က တွစ်တာတွင် ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သည့် မြင်ကွင်းက လူများကို စိုးရိမ်မှု ဖြစ်စေခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

အီးယူကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးသည် အဓိကကျသည့် အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Boris Johnson က တွစ်တာမှတစ်ဆင့် လက်ရှိချိန်တွင် အရေးပါဆုံးအရာသည် အမေရိကန် အစိုးရ အနေဖြင့် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေးသာ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

သြစတြီးယား နိုင်ငံဝန်ကြီးချုပ် Sebastian Kurz က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သည့် မြင်ကွင်းက လွန်စွာ အံ့အားသင့်ဖွယ်ရာကောင်းပြီး အာဏာလွှဲပြောင်းရေးသည် ငြိမ်းချမ်းစွာနှင့် စနစ်တကျ ဖြစ်သင့်ကြောင်း ရေးသားဖော်ပြခဲ့သည်။ (Xinhua)

—————————————–

(Chinese Version)
(国际)综合消息:国际社会对美国国会遭暴力冲击感到不安和震惊
2021-01-07 12:23:19 分类: 政治法律
  新华社北京1月7日电综合新华社驻外记者报道:美国首都华盛顿当地时间6日发生暴力示威,部分示威者冲进国会大厦,与警方发生冲突,造成一人死亡。多国政要、联合国等国际组织领导人纷纷表态,认为暴力行径令人不安和震惊,呼吁美国实现政权和平有序交接。
  联合国秘书长古特雷斯的发言人迪雅里克6日称,古特雷斯对当天发生在华盛顿国会山的骚乱表示哀伤。迪雅里克在一份记者通报中说,在当前形势下,政治领导人应当让支持者意识到避免使用暴力以及尊重法治的重要性。
  欧洲理事会主席米歇尔在推特上说,发生在华盛顿的场景“令人震惊”。
  加拿大总理特鲁多说,加拿大人对在华盛顿发生的暴力行为“深感不安和悲伤”,希望可以尽快恢复正常。
  委内瑞拉外交部6日发表公报说,这是令人遗憾的事件,该事件反映了美国国内暴力的螺旋式上升,美国政治制度和社会正在经历深刻的危机。委内瑞拉政府希望暴力行为尽快停止,美国人民最终能够开辟一条通往稳定和社会正义的新道路。
  阿根廷总统费尔南德斯在社交媒体上说,阿根廷对在华盛顿发生的严重暴力行径和对国会的攻击行为表示谴责。
  斯洛文尼亚总理扬沙在推特上表示,华盛顿发生的暴力事件让人感到非常困扰。
  葡萄牙总理科斯塔在推特上说,华盛顿的场景“令人不安”。
  欧盟委员会主席冯德莱恩表示:“权力和平过渡是核心。”
  英国首相约翰逊在推特上说,现在至关重要的是美国政府和平有序地移交权力。
  奥地利总理库尔茨通过社交媒体表示,对华盛顿的情景深感震惊,权力移交应和平、有序进行。(参与记者:李骥志、尚绪谦、高春雨、倪瑞捷、岳东兴、白旭、任珂、徐永春、梁希之、于涛、彭立军、尹南、郭磊、徐烨 王瑛、张琪、温新年)(完)

Photo
1月6日,在美国首都华盛顿,美国总统特朗普的支持者举行示威游行。新华社记者 刘杰 摄