Connect with us

North America

အမေရိကန်နိုင်ငံ Capitol လွှတ်တော်ထဲသို့ ဆန္ဒပြသူများ ချိုးဖောက်ဝင်ရောက်ပြီး နာရီများစွာအကြာ လွှတ်တော်အစည်းအဝေးပြန်လည်ကျင်းပ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့် ဆန္ဒပြသူများ ဝါရှင်တန်ဒီစီမြို့ရှိ Capitol အဆောက်အဦအနီးတွင် ဇန်နဝါရီ ၆ ရက်က စုဝေးနေကြစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံတွင် သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့် ဆန္ဒပြသူများသည် လွှတ်တော်အဆောက်အဦ (Capitol) အတားအဆီးများကို ချိုးဖောက်ဝင်ရောက်ပြီး နာရီများစွာအကြာ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို တရားဝင်လုပ်ဆောင်ရေးအတွက် လွှတ်တော်အစည်းအဝေးကို ဒေသစံတော်ချိန် ဇန်နဝါရီ ၆ ရက် ညပိုင်းတွင် ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အကြမ်းဖက်မှုကို ရှုတ်ချပါတယ်” ဟု အထက်လွှတ်တော် အစည်းအဝေးအတွင်း သဘာပတိအဖြစ်ဆောင်ရွက်နေသော ဒုတိယ သမ္မတ မိုက်ပန့်က မှတ်ချက်ပြုခဲ့သည်။ဆီးနိုတ်လွှတ်တော် အများစုခေါင်းဆောင် ရီပက်ဘလစ်ကန်အမတ်တစ်ဦးဖြစ်သော မစ် မက်ကော်နယ် (Mitch McConnell) က ရွေးကောက်ပွဲရလဒ်များကို တရားဝင်အပြီးသတ်ဖြစ်စေရန် လွှတ်တော်၌ ဆောင်ရွက်နေစဉ် Capitol အား ပရမ်းပတာဖြစ်စေပြီး Electoral College မဲရေတွက်ခြင်းကို ရပ်တန့်စေသော ဆန္ဒပြသူများအား ဒေါသတကြီး တုံ့ပြန်ပြောကြားခဲ့သည်။

အောက်လွှတ်တော် အမတ်များသည်လည်း ၎င်းတို့၏ အစည်းအဝေးကို ပြန်လည်စတင်နေပြီဖြစ်သည်။လွှတ်တော်အမတ်များသည် လွှတ်တော်အတွင်း ဆန္ဒပြသူများ ချိုးဖောက်ဝင်ရောက်လာခြင်းကြောင့် အမေရိကန်လွှတ်တော် (Capitol) တွင် ရဲတပ်ဖွဲ့ဝင်များ လော့ခ်ဒေါင်းမပြုလုပ်မီ အရီဇိုးနားပြည်နယ်၏ မဲများကို ရေတွက်ရန် ကန့်ကွက်မှုအပေါ် သီးခြားစီ ဆွေးနွေးနေကြခြင်းဖြစ်သည်။ (Xinhua)

——————————————
(English Version)

1stLD: U.S. Congress reconvenes hours after protesters breach Capitol

WASHINGTON, Jan. 6 (Xinhua) — The U.S. Congress reconvened on Wednesday night for proceedings certifying President-elect Joe Biden’s victory in the 2020 election, hours after
protesters supporting outgoing President Donald Trump breached the Capitol.

“We condemn the violence in the strongest possible terms,” U.S. Vice President Mike Pence, who is
presiding over a session in the Senate, said in his remarks.

Senate Majority Leader Mitch McConnell, a Republican, also lashed out at protesters who stormed the Capitol and halted the Electoral College vote counting, while stressing that Congress will finish
the certification of the results.

Members of the House of Representatives have also resumed their session.The chambers were separately debating an objection to the counting of Arizona’s electoral votes before police placed a lockdown on the Capitol due to the breaches. Enditem
Supporters of U.S. President Donald Trump gather near the U.S. Capitol building in Washington, D.C., the United States, on Jan. 6, 2020. U.S. President-elect Joe Biden condemned what he called “insurrection” at the U.S. Capitol on Wednesday, after some supporters of the Republican incumbent, Donald Trump, broke into the building, forcing electoral vote counting to halt. (Xinhua/Liu Jie)