Connect with us

North America

စည်းမျဉ်းချိုးဖောက်သည်ဟုဆိုကာ ဒေါ်နယ်ထရမ့်၏ Facebook နှင့် twitter အကောင့် ယာယီ ဖယ်ရှားခံရ

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

Facebook နှင့် Twitter လူမှုကွန်ရက် နှစ်ခုစလုံးက အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်၏ အကောင့်မှ ပို့စ်များကို ဖယ်ရှားလိုက်ကြောင်း နှင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦအား ဆန္ဒပြသမားများ ဝင်ရောက်စီးနင်းမှုကို  ထရမ့်က ၎င်း၏ အကောင့်မှတစ်ဆင့် ဆက်ကာဆက်ကာ ဖော်ပြနေသဖြင့် ထိုသို့ဆိုင်းငံ့ဖယ်ရှားခံရခြင်းဖြစ်ကြောင်း သိရသည်။

ထရမ့်၏ အကောင့်အားဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်၍ Twitter က “ ကျွန်တော်တို့ရဲ့ လူမှုစံနှုန်းမူဝါဒကို အကြိမ်ကြိမ်ချိုးဖောက်တာ နဲ့ ထပ်ခါတလဲလဲ လုပ်ဆောင်နေလို့ပါ” ၊ “ယခင်က မရှိခဲ့ဘူးတဲ့ ဝါရှင်တန်ဒီစီမြို့မှာ ဆက်ပြီး ဖြစ်ပွားနေတဲ့ပဋိပက္ခအခြေအနေရဲ့ ရလဒ်တစ်ခုပဲပေါ့” ဟု ဆိုသည်။

Twitter က ပယ်ဖျက်လိုက်သော ဗီဒီယိုဖိုင်တစ်ခုထဲတွင် ထရမ့်သည် ဗုဒ္ဓဟူးနေ့က ကက်ပီတိုလွှတ်တော်အဆောက်အား အဦဝင်ရောက်စီးနင်းခဲ့ကြသည့် ၎င်းအားထောက်ခံသူများကို ခင်ဗျားတို့ကို“ ချစ်တယ်” နှင့် “ အလွန့်အလွန်ထူးခြားမှုပဲ” ဟူ၍ အားပေးအားမြှောက်ပြောဆိုခဲ့သည်။

ထရမ့်အကောင့်တွင် တင်ထားသော ပို့စ် သုံးခုကို twitter က ပယ်ဖျက်မှုပြုလုပ်ခဲ့ပြီးနောက် ယင်းအကောင့်ကိုပါ ၁၂ နာရီကြာ ယာယီဆိုင်းငံ့မှု ပြုလုပ်ခဲ့သည်။ “ အကယ်၍ အဲဒီပိုစ့်တွေကို မဖယ်ရှားဘူးဆိုရင် အကောင့်ဟာ ဆက်ပြီး အပိတ်ခံထားရမှာပါ ” ဟု တွစ်တာကုမ္ပဏီက ဆိုသည်။

လူမှုကျင့်ဝတ်စံနှုန်းမူဝါဒ သို့မဟုတ် မူဝါဒများချိုးဖောက်ရန်ခြိမ်းခြောက်မှုများ အပါအဝင် twitter ၏ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ချိုးဖောက်နေမည်ဆိုပါက ထရမ့်၏ အကောင့်ကို ရာသက်ပန်ဖယ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း Twitter က သတိပေးခဲ့သည်။

Facebook ကလည်း ဆန္ဒပြသမားများကို အားပေးအားမြှောက်ပြုလုပ်နေခြင်း နှင့် facebook နှင့် Instagram မှနေ၍ ရွေးကောက်ပွဲရလဒ်အပေါ် ပြောဆိုရေးသားမှုပြုလုပ်နေသည့် ထရမ့်၏ မကြာသေးခင်က တင်ခဲ့သည့် ဗီဒီယိုဖိုင်ကို ဖယ်ရှားမှု ပြုလုပ်ခဲ့သည်။

အမေရိကန်လွှတ်တော်ဝင်ရောက်စီးနင်းခံရမှုအပေါ် ထောက်ခံအားပေးခြင်း နှင့် ကောင်းချီးပေးခြင်း ပြုလုပ်သည့် ပို့စ်များကိုလည်း Facebook က ရှာဖွေစိစစ် ပယ်ဖျက်ခြင်းများပြုလုပ်လျက်ရှိကြောင်း Facebook လူမှုကျင့်ဝတ်စံနှုန်းကျင့်ဝတ်ဆိုင်ရာ ဒုတိယဥက္ကဌ Guy Rosen နှင့် ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာမူဝါဒစီမံခန့်ခွဲမှု ဒုတိယဥက္ကဌ Monika Bickert ကဆိုသည်။

ထို့ပြင် Facebook က ဆန္ဒပြသည့်နေရာများအပါအဝင် အမေရိကန်နိုင်ငံ အနှံ့အပြားတွင် လက်နက်ယူဆောင်လာကြရန် ပြည်သူများအား သွေးထိုးလှုံ့ဆော်သည့် ပိုစ့်များကိုလည်း ပယ်ဖျက်နေကြောင်း သိရသည်။

ရွေးကောက်ပွဲရလဒ်များ တရားဝင်မှုအား ပယ်ဖျက်ရန် ကြိုးပမ်းလုပ်ဆောင်ချက်ကို ၎င်း၏ လူမှုကွန်ရက် ပလက်ဖောင်းပေါ်တွင် တင်သော ပို့စ်များ၌ အချိန်နှင့်တစ်ပြေးညီ အသိပေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

Proud Boys နှင့်အခြားအများအပြားအပါအဝင် အမုန်းတရားဖြန်းဖြူးနေသောအုပ်စုများကို ဖယ်ရှားရန် ဆက်လက်ဆောင်ရွက်နေကြောင်း နှင့် ယင်း၏ပလက်ဖောင်းပေါ်မှတစ်ဆင့် လူထုအုံကြွမှုအသွင် ပြုမူပြောဆိုနေသည့်အဖွဲ့ပေါင်း ၆၀၀ ကျော်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း Facebook ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

——————————————
(English Version)

Twitter, Facebook suspend Trump’s account citing policy violations

SAN FRANCISCO, Jan. 6 (Xinhua) — Both Twitter and Facebook removed content from the account of U.S. President Donald Trump on Wednesday and suspended his account after he continued posting content about the election after protesters stormed the U.S. Capitol.

Twitter said the removal was for Trump’s “repeated and severe violations of our Civic Integrity policy” and “as a result of the unprecedented and ongoing violent situation in Washington, D.C..”

In a video deleted by Twitter, Trump told his supporters who violently stormed the Capitol on Wednesday that he “loved” them and calling them “very special.”
Trump’s account will be locked for 12 hours following the removal of three tweets. “If the tweets are not removed, the account will remain locked,” the company said.
Twitter also warned that future violations of the Twitter Rules, including its Civic Integrity or Violent Threats policies, will result in permanent suspension of Trump’s account.

Facebook also removed Trump’s recent video on encouraging the protests and his subsequent post about the election results from Facebook and Instagram.
The measure was taken as Facebook had been searching for and removing the content of praise and support of the storming of the U.S. Capitol, according to Guy Rosen, Facebook vice president of integrity, and Monika Bickert, the company’s vice president of global policy management.

Facebook also deleted posts calling on people to bring weapons to locations across the United States, including protest sites.
The company said that it was updating the label on posts across its platforms that attempt to delegitimize the election results.
According to Facebook, it has continued to enforce a ban on hate groups including the Proud Boys and many others, and has already removed over 600 militarized social movements from the platform. Enditem

Photo caption – U.S. President Donald Trump