Connect with us

North America

ပေါ်တူဂီနိုင်ငံ သမ္မတ COVID-19 ကူးစက်ခံရသော်လည်း ရောဂါလက္ခဏာပြသခြင်းမရှိဟုဆို

ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa ကို တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း ပေါ်တူဂီသမ္မတရုံး တရားဝင်ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၁ ရက်ညပိုင်းက ထုတ်ခဲ့သည်။

သမ္မတ Rebelo de Sousa သည် “မနေ့က စစ်ဆေးမှုလည်း ပိုးမတွေ့ရှိ (negative) ဖြစ်ခဲ့သလို ဒီကနေ့ antigen test စစ်ဆေးမှုမှာလည်း ရောဂါပိုးမတွေ့ရှိပါဘူး။ ဒါပေမဲ့ အခု ည ၉:၄၀ နာရီမှာ PCR test (polymerase chain reaction test) စစ်ဆေးတဲ့အခါမှသာ ရောဂါပိုးတွေ့ရှိ (positive) တယ်ဆိုပြီး သိခဲ့ရတာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အသက် ၇၂ နှစ်အရွယ်ရှိပြီး ရောဂါလက္ခဏာမပြ ကူးစက်ခံထားရသည့် သမ္မတသည် ပေါ်တူဂီ လွှတ်တော် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးတို့အား အကြောင်းကြားခဲ့ကြောင်း၊ Rebelo de Sousa အနေဖြင့် Belem သမ္မတနန်းတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး နန်းတော်အတွင်း၌ပင် သီးသန့်ခွဲခြားနေထိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ၎င်းအနေဖြင့် လာမည့်ရက်အနည်းငယ်အထိ အစီအစဉ်များအားလုံး ပယ်ဖျက်ထားကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

…………………………………………
(English Version)

Portugal president tests positive for COVID-19 but asymptomatic: statement

LISBON, Jan. 11 (Xinhua) — Portuguese President Marcelo Rebelo de Sousa tested positive for COVID-19, said a statement posted on the official website of the Portuguese Presidency on Monday night.

Rebelo de Sousa had “tested negative yesterday, and although today’s antigen test is negative, it was now known, at 9:40 p.m., that the PCR test was positive,” the statement said, referring to the polymerase chain reaction (PCR) test.

The 72-year-old president, who is asymptomatic, has informed Portugal’s parliament president, prime minister and minister of health, said the statement, adding that Rebelo de Sousa is working at the Belem Presidential Palace and will be in isolation at the residential area.

He canceled the entire agenda for the next few days, the statement added. Enditem
A screen shows Portuguese President Marcelo Rebelo de Sousa declaring a state of emergency in Cascais, Lisbon, Portugal, Nov. 6, 2020. (Photo by Pedro Fiuza/Xinhua)