Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အကောင့်ကို တွစ်တာက အပြီးပိတ်သိမ်း

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ တွစ်တာအကောင့်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ၎င်းတို့၏ ဝန်ဆောင်မှုမှ အပြီးရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တွစ်တာက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။

“@realDonaldTrump အကောင့်ကနေ မကြာသေးမီက ရေးသားထားချက်တွေနဲ့ အကြောင်းအရာ ဆက်စပ်မှုတွေကို အနီးကပ် သုံးသပ်ပြီးတဲ့နောက် နောက်ထပ်အကြမ်းဖက်မှုတွေကို လှုံ့ဆော်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ကျွန်တော်တို့ အပြီးပိတ်လိုက်တာဖြစ်ပါတယ်” ဟု ကုမ္ပဏီက တွစ်တာတွင် ရေးသားကြေညာခဲ့သည်။

Facebook က ထရမ့်၏အကောင့်ကို ၂၄ နာရီကြာ ကနဦးဆိုင်းငံ့ထားခြင်းကို “ငြိမ်းချမ်းစွာ အာဏာကူးပြောင်းမှု ပြီးစီးသွားသည့်တိုင်အောင် အနည်းဆုံး နောက်နှစ်ပတ်ကြာနိုင်ဖွယ်ရှိသော” အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့မှုအဖြစ် ထပ်တိုးရန် အလားတူဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး နောက်တစ်ရက်တွင် ယခုလို တွစ်တာအကောင့်ပိတ်သိမ်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်၏ တွစ်တာအကောင့်မှ ရေးသားထားသော အကြောင်းအရာ သုံးခုကို ဖယ်ရှားပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် အကောင့်အား ၁၂ နာရီကြာ ပိတ်ထားခဲ့သည်။

ယင်းသို့ ဖယ်ရှားရခြင်းမှာ ထရမ့်သည် “ကျွန်ုပ်တို့၏ ပြည်သူ့ဂုဏ်သိက္ခာမူဝါဒကို ထပ်ခါတလဲလဲ ဆိုးဝါးစွာ ချိုးဖောက်ခြင်း” နှင့် “ဝါရှင်တန်ဒီစီတွင် မကြုံစဖူး ဖြစ်ပေါ်နေသော အကြမ်းဖက်မှုအခြေအနေ အကျိုးဆက်ကြောင့်” ဖြစ်ကြောင်း ကုမ္ပဏီက ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)
Twitter permanently suspends Trump’s account
SAN FRANCISCO, Jan. 8 (Xinhua) — Twitter said on Friday that it had permanently suspended U.S. President Donald Trump from its service.
“After close review of recent Tweets from the @realDonaldTrump account and the context around them we have permanently suspended the account due to the risk of further incitement of violence,” the company announced in a tweet.
The suspension came one day after Facebook made a similar decision of extending an initial 24-hour suspension of Trump’s account to an indefinite one, “at least the next two weeks until the peaceful transition of power is complete.”
Trump’s Twitter account was locked for 12 hours on Wednesday following the removal of three tweets.
The company said on Wednesday that the removal was for Trump’s “repeated and severe violations of our Civic Integrity policy” and “as a result of the unprecedented and ongoing violent situation in Washington, D.C.” Enditem