Connect with us

North America

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော်အဆောက်အဦအတွင်းသို့ ဆန္ဒပြသမားများ ချိုးဖျက်ဝင်ရောက်လာခဲ့ပြီးနောက် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က Wilmington မြို့မှနေ၍ ဇန်နဝါရီ ၆ ရက်က မိန့်ခွန်းတစ်ရပ်ပြောကြားနေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော်အဆောက်အဦအတွင်းသို့ ဆန္ဒပြသမားများ ချိုးဖျက်ဝင်ရောက်လာခဲ့ပြီးနောက် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က Wilmington မြို့မှနေ၍ ဇန်နဝါရီ ၆ ရက်က မိန့်ခွန်းတစ်ရပ်ပြောကြားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်ဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အီလက်တိုရယ်ကောလိပ်(Electoral College) မဲများ တရားဝင်ရေတွက်မှုလုပ်ငန်းစဉ်ကို အတင်းအကျပ်ရပ်တံ့ရန် တောင်းဆိုမှုဖြင့် အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦထဲသို့ ဆန္ဒပြသမားများစီးနင်းဝင်ရောက်ခဲ့ပြီးနောက် ယင်းလုပ်ရပ်အား “ ပုန်ကန်ထကြွခြင်း” ဟူ၍ အမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က ပြစ်တင် ရှုတ်ချပြောဆိုလိုက်သည်။

“ အဲဒါက ဆန္ဒပြတာမဟုတ်ဘူး၊ ဒါက ပုန်ကန်ထကြွတာပါ” ဟု Delaware ပြည်နယ် Wilmington မြို့မှနေ၍ ဘိုင်ဒန်က ပြောကြားခဲ့သည်။ “ ဒါက သဘောထားကွဲလွဲမှုမဟုတ်ဘူး ၊ ဒါက အမိန့်မနာခံမှုပါ၊ ဒါဟာ ပရမ်းပတာ လုပ်ဆောင်မှုပါ၊ ကန့်သတ်မျဉ်းကိုချိုးဖောက်ကျော်လွန်တာပါ” ဟု ၎င်းက ဆိုသည်။

ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်သည် ရီပတ်ဘလီကန်ပါတီမှ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား “ အခုချက်ချင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေတစ်ဆင့် သူကျမ်းကျိန်ထားတဲ့ကတိကဝတ်ကို အပြည့်အဝဖော်ဆောင်ဖို့ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့ ၊ ဒီစီးနင်းဝင်ရောက်မှုအဆုံးသတ်သွားအောင် ပြောဆိုပေးဖို့ ” တောင်းဆိုမှုပြုလုပ်ခဲ့သည်။

ထရမ့်သည် ဂျိုးဘိုင်ဒန်နှင့်ယှဉ်ပြိုင်ခဲ့ရသော ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိုမ့်မှုအား အသိအမှတ်ပြုလက်ခံရန် ငြင်းဆိုနေခဲ့ပြီး ၎င်း၏ရွေးကောက်ပွဲမဲဆွယ်မှု နှင့် မဟာမိတ်များသည် ရွေးကောက်ပွဲမဲလိမ်မှုရှိကြောင်း အမေရိကန်တရားရုံးများစွာ၌ အဆင့်ဆင့်တရားစွဲဆိုမှုပြုလုပ်ခဲ့သော်လည်း ပလပ်ခြင်းခံခဲ့ရလင့်ကစား ထရမ့်က ရွေးကောက်ပွဲမဲလိမ်သည်ဆိုသည့် စကားကိုပင် ထပ်တလဲလဲ ပြောဆိုတင်းခံနေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

——————————————
(English Version)

Biden condemns “insurrection” at U.S. Capitol
“This is not protest, it’s insurrection,” says Joe Biden.

WASHINGTON, Jan. 6 (Xinhua) — U.S. President-elect Joe Biden condemned what he called “insurrection” at the U.S. Capitol on Wednesday, after protesters broke into the building and forced proceedings to formally count the Electoral College votes to halt.

“This is not protest, it’s insurrection,” Biden said in Wilmington, Delaware. “This is not dissent. It’s disorder. It’s chaos. It borders on sedition.”
The Democrat went on saying that he’s calling the Republican incumbent, Donald Trump, to “go on national television now to fulfill his oath and defend the Constitution and demand an end to this siege.”

Trump has refused to acknowledge defeat in the 2020 presidential race with Biden and is still pushing for claims of voter fraud, despite that U.S. courts at different levels had dismissed dozens of lawsuits filed by his campaign and allies due to a profound lack of evidence.

Photo caption – The screengrab from NBC’s live broadcast shows U.S. President-elect Joe Biden (R) making remarks in Wilmington, Delaware, Jan. 6, 2021, after protesters broke into the U.S. Capitol in Washington, D.C. and forced proceedings to formally count the Electoral College votes to halt. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.