နယူးယောက်၊ မေ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘန်ကူလူးပြည်နယ် အရှေ့တောင်ပိုင်း၏ တောင်ဘက် ၆၄ကီလိုမီတာ၌ ဂရင်းနစ်စံတော်ချိန် ၁၉း၀၈း၃၆နာရီ တွင် ရစ်ချ်တာစကေး ၅.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ မေ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လေယာဉ်ကုမ္ပဏီကြီးဖြစ်သော ဘိုးရင်းကုမ္ပဏီက ကျူးဘားနိုင်ငံတွင် ယနေ့နံနက် အစောပိုင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရန် အသင့်ရှိကြောင်း မေလ ၁၉ ရက်က ကြေညာလိုက်သည်။
ဝါရှင်တန်၊ မေ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က Admiral Harry Harris အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအဖြစ် အမည်စာရင်းအသစ်တင်သွင်းလိုက်ကြောင်း အိမ်ဖြူတော်က မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
တက္ကဆက် ၊ မေ ၁၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် Santa Fe မြို့ရှိ အထက်တန်းကျောင်း တစ်ခု တွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး...
ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မေလ ၁၅ ရက်က ရာသီဥတုဆိုးဝါးမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နယူးယောက်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖြင့် မတည်ငြိမ်မှုများရှိနေသောကြောင့် မေလ ၁၅ ရက်တွင် ရေနံဈေးများ မြင့်မားနေကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Valiollah Seif အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း မေလ ၁၅ ရက်နေ့ ၌ ကြေညာချက် ထုတ်ပြန်...
လော့စ်အိန်ဂျလိစ်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ရှိ ရုံးအဆောက်အအုံတစ်ခုတွင် မေ ၁၅ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ မေ ၁၅ ရက် (ဆင်ဟွာ) Facebook ၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) က Cambridge Analytica အရှုပ်တော်ပုံတွင် App များအား အပြည့်အဝ စုံစမ်းစစ်ဆေးမှုနှင့် စာရင်းစစ် ပြုလုပ်မည်ဟု မတ်လက ကတိပြုပြီးနောက် အချက်အလက်များ တလွဲသုံးသည်ဟု ယူဆရသော...
ဝါရှင်တန် ၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားဖျက်သိမ်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ လုံခြုံရေးအတွက် အမေရိကန်နိုင်ငံက အာမခံကြောင်း မေလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။