Connect with us

North America

Fauci က အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ မြင့်တက်နေသဖြင့် “နိုင်ငံရဲ့ လက်ရှိအနေအထားဟာ အမှန်တကယ်လုံးဝ မကောင်းပါဘူး” ဟု ပြောကြား

အမေရိကန်အစိုးရ ထိပ်တန်းကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ထိပ်တန်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က “ နိုင်ငံရဲ့ လက်ရှိအနေအထားဟာ အမှန်တကယ် လုံးဝ အခြေအနေမကောင်းပါဘူး” ဟု ဇူလိုင် ၆ ရက်တွင် သတိပေး ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ရောက်ရှိနေတဲ့ အနေအထားက တစ်ရက်ကိုပျမ်းမျှလူနာသစ် ၂ သောင်းကျော် ဖြစ်နေတယ်” ဟု အမေရိကန်နိုင်ငံ အရေပြား နှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဖော့စီက ဆိုသည်။အမေရိကန်နိုင်ငံ အမျိုးသားဆေးသိပ္ပံမှ ညွှန်ကြားရေးမှူး Francis Collins နှင့်ပြုလုပ်သော ရုပ်သံဆွေးနွေးမှုတစ်ခု၌ ဖော့စီက ပြည်နယ်များစွာနှင့်မြို့များစွာကို ပြန်လည်ဖွင့်လှစ်ပြီး နဂိုမူလအနေအထားပြန်ရောက်အောင် ကြိုးပမ်းလုပ်ဆောင်နေချိန်မှာပင် နိုင်ငံအတွင်း လက်ရှိတွင် လူနာသစ်အရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပျမ်းမျှ အသက် ၁၅ နှစ်အောက် လူငယ်များ ရောဂါကူးစက်ခံရမှုပမာဏသည် လွန်ခဲ့သော လအနည်းငယ်က ကူးစက်ခံရသည့် အရေအတွက်ထက် များစွာမြင့်တက်လာနေကြောင်း ၊ သို့သော် လူငယ်များအနေဖြင့် ၎င်းတို့သည် သီးခြားအလုံပိတ်ခန်းထဲရောက်ရှိနေခြင်းမဟုတ်သည်ကို နားလည်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ ထိပ်တန်းကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီအားတွေ့ရစဉ်(ဆင်ဟွာ)

“ သူတို့ဟာ အပြစ်ကင်းကြပါတယ် ၊ ရောဂါရှိတဲ့ လူတစ်ယောက်နေ အခြားတစ်ယောက်ကို ကူစက်သွားနိုင်တယ် ၊ ပြီးတော့ သူတို့ရဲ့ အဖိုးတွေ အဖွားတွေ ဒါမှမဟုတ် ရင်သားကင်ဆာဖြစ်လို့ ကီမိုသွင်းပြီး ဆေးကုသမှုခံယူနေရတဲ့ အဒေါ်တွေအထိတောင် ရောဂါပိုးက ကူးစက်ပျံ့နှံ့သွားနိုင်တာပါ’’ ဟု ဖော့စီက ဆိုသည်။

 “ ခင်ဗျားတို့ကိုယ်တိုင် ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု ဖြစ်အောင်လုပ်နေကြတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်၊ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ ကိုယ့်ကိုယ်ကို တာဝန်ယူရမယ် ၊ ဒါ့အပြင် လူမှုအသိုက်အဝန်းမှာ ရောဂါကူးစက်မှုမဖြစ်အောင်လည်း ခင်ဗျားတို့မှာ တာဝန်ရှိတယ် ” ဟု ဖော့စီက ဖြည့်စွက်ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း ၂.၉ သန်းကျော် ရှိပြီး သေဆုံးသူ ၁၃၀,၁၀၀ ဦးရှိ ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117