Connect with us

North America

နယူးယောက်စီးတီးတွင် George Floyd ၏ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် George Floyd ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ရဲတပ်ဖွဲ့ဝင်၏ ရက်ရက်စက်စက်နှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် သေဆုံးသွားခဲ့ပြီး အမေရိကန်တစ်ခွင် ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သော George Floyd အား ဂုဏ်ပြုခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ဇွန် ၄ ရက်က ပြုလုပ်ခဲ့ပြီး နယူးယောက်မြို့သား ထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။ 

Floyd ၏ အစ်ကိုဖြစ်သူ Terrence Floyd သည်လည်း ဇွန် ၄ ရက် မွန်းလွဲပိုင်းက Brooklyn ရှိ Cadman Plaza ၌ လူ ၅,၀၀၀ ခန့်စုဝေးရာနေရာ၌ ပါဝင်ခဲ့သည်။ George Floyd ၏ ရုပ်ပုံပါရှိသော ရှပ်အင်္ကျီကိုဝတ်ဆင်ထားသော Brooklyn ဒေသခံ Terrence Floyd က ၎င်း၏ညီအပေါ် ချစ်ခင်ကြောင်းပြသလျက်ရှိသည့် နယူးယောက်မြို့သားများကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် George Floyd ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် George Floyd ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

၎င်းက ဆန္ဒထုတ်ဖော်ပြမှုများအတွက် ဂုဏ်ယူသော်လည်း ဖျက်ဆီးမှုအတွက်မူ ဂုဏ်ယူစရာမဟုတ်ကြောင်း၊ ဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုနှင့် လုယက်မှုများကို ရည်ညွှန်းကာ ပြောဆိုခဲ့သည်။

“ကျွန်တော့်ညီက အဲဒါတွေအတွက် သေဆုံးခဲ့တာမဟုတ်ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် George Floyd ၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် George Floyd ၏ အောက်မေ့ဖွယ်အခမ်းအနားတွင် နယူးယောက်စီးတီး မြို့တော်ဝန် Bill de Blasio (လယ်) နှင့် George Floyd ၏ အစ်ကို Terrence Floyd (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အောက်မေ့ဖွယ်အခမ်းအနားသို့ နယူးယောက်စီးတီး မြို့တော်ဝန် Bill de Blasio နှင့် နယူးယောက်ပြည်နယ် ရှေ့နေချုပ် Letitia James အပါအဝင် ဒေသတွင်းတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

Terrence Floyd သည် ချစ်ချစ်တောက်ပူနေသော နေရောင်အောက်တွင် Brooklyn တံတားမှ မန်ဟက်တန်ရှိ Foley ရင်ပြင်သို့ ဆန္ဒပြသူများကို ဦးဆောင်ချီတက်ခဲ့ကြောင်း သိရသည်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က George Floyd နေထိုင်၊ သေဆုံးခဲ့ရာ မီနီပိုလစ်မြို့၌ အောက်မေ့ဖွယ်အခမ်းအနားအဖြစ် ဇွန် ၄ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် ဆိတ်ငြိမ်စွာနေကြရန် တိုက်တွန်းခဲ့သည်။  (Xinhua)