Connect with us

North America

အမေရိကန်နိုင်ငံတွင် COVID-19 ဖြင့် သေဆုံးသူကို အမှန်တကယ် ရေတွက်နိုင်ခြင်း မရှိကြောင်း လေ့လာမှုသစ်တွင် ဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ဂျော့ဝါရှင်တန်ဆေးရုံသို့ ကိုဗစ်လူနာတင်ဆောင်လာသော လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာသည်ကို မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပြည်နယ်များစွာတွင် ကပ်ရောဂါကူးစပ်ပျံ့နှံ့နေခြင်းနှင့်အတူ သေဆုံးမှုလည်း ဆက်လက်မြင့်တက်လျက်ရှိရာ နိုင်ငံအတွင်း COVID-19 ဖြင့်သေဆုံးသူ တရားဝင်အရေအတွက်ကို မခန့်မှန်းနိုင်အောင် ဖြစ်နေကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုသစ်တစ်ခုအရ သိရသည်။

JAMA Internal ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအရ မတ် ၁ ရက် မှ မေ ၃၀ ရက်အထိ ခန့်မှန်းခြေ သေဆုံးသူ ၁၂၂,၀၀၀ တွင် မည်သည့်ရောဂါအမျိုးအစားဖြစ်စေ သေဆုံးသူအရေအတွက် မြင့်မားနေသည်ကိုတွေ့ရှိရသဖြင့် ယင်းမှာ COVID-19 ဖြင့်သေဆုံးကြောင်း စာရင်းထုတ်ပြန်ထားသည့် အရေအတွက်ထက် ၂၈ ရာခိုင်နှုန်းပိုများနေသည်ကို တွေ့ရှိရသည်။

အမေရိကန်နိုင်ငံတွင် မတ်လ မှ မေလအထိ COVID-19 ဖြင့်စပ်ဆက်၍ သေဆုံးမှုအားလုံးကို ခန့်မှန်းနိုင်ရန် သုတေသနပညာရှင်များအနေဖြင့် အမေရိကန်နိုင်ငံ၌ အဆုတ်ရောင်ရောဂါ ၊ တုတ်ကွေးရောဂါ နှင့် COVID-19 ရောဂါများမှ မည်သည့်ရောဂါဖြင့် သေဆုံးရခြင်းဖြစ်သည်ကို လေ့လာစမ်းစစ်မှုပြုလုပ်ခဲ့သည်။

ထိုသို့ လေ့လာစမ်းစစ်မှုအရ အကြောင်းအရာ အားလုံးဖြင့်သေဆုံးရခြင်း (သို့မဟုတ်) ရောဂါသတ်မှတ်နိုင်ခြင်းမရှိဘဲ သေဆုံးရခြင်းများတွင် အဆုတ်ရောင်ရောဂါ နှင့် တုတ်ကွေးရောဂါ ကဲ့သို့သော COVID-19 ရောဂါ သွင်ပြင်လက္ခဏာတစ်ခုထက်ပို၍ ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။

 သေဆုံးမှုအကြောင်းအရာအားလုံးသည် ယင်းကာလအတွင်း COVID-19 ဖြင့် သေဆုံးရခြင်းဖြစ်သည်ဆိုသည့် တရားဝင် ထုတ်ပြန်ချက်ထက် ၂၈ ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်း လေ့လာမှုက ဆိုသည်။ COVID-19 ဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း အပြည့်အဝ ခန့်မှန်းမှုတစ်ခုပြုလုပ်ရန် အခက်အခဲအတားအဆီးများ ရှိနေရာ ယင်းမှာ  ဗိုင်းရပ်စ်ကြောင့် သေဆုံးရခြင်းဟုတ်မဟုတ်ကို တရားဝင်ရေတွက်မှု ပြုလုပ်ရန် မဖြစ်နိုင်သည်ကို  ညွှန်ပြနေသော အကြောင်းအရာတစ်ခုဖြစ်ကြောင်း လေ့လာမှုအသစ်က ဆိုသည်။(Xinhua)