Connect with us

North America

အမေရိကန်နိုင်ငံ အတ္တလန်တာမြို့တော်ဝန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ အတ္တလန်တာမြို့တော်ဝန် Keisha Lance Bottoms အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၏ မြို့တော်ဝန် Keisha Lance Bottoms က ၎င်းသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဇူလိုင် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ COVID-19 ဟာ တကယ့်ကိုပဲ ကျွန်မတို့ အိမ်အထိ ရောက်လို့လာပါပြီ” ဟု ၎င်းက တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ “ ကျွန်မမှာ ဘာလက္ခဏာမှ မရှိပါဘူး ၊ စစ်ကြည့်လိုက်တော့ Positive ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။အသက် ၅၀ နှစ်အရွယ်ရှိ မြို့တော်ဝန် Bottoms သည် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်နှင့်အတူ ဝင်ရောက်အရွေးခံရန် ဖြစ်လာဖွယ်ရှိနေသူတစ်ဦးဖြစ်သည်။၎င်း၏ ကပ်ရောဂါကိုင်တွယ် ထိန်းချုပ်မှု ၊ ရဲတပ်ဖွဲ့၏ လူမဆန်သောလုပ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြမှု နှင့် လူမျိုးရေးတရားမျှတရေးအတွက် တောင်းဆိုမှုများကြောင့် မကြာသေးခင်ရက်သတ္တပတ်များက နိုင်ငံအတွင်း အများပြည်သူတို့၏ အလေးထား အာရုံစိုက်ခြင်း ခံရသူတစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)