ဝါရှင်တန်၊ဇန်နဝါရီလ ၂ ရက်(ဆင်ဟွာ) ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ယူမည့် Sean Spicer က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သမ္မတအိုဘားမားအား မေးခွန်းထုတ်လိုက်ကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၂၉ ရက်ညပိုင်းက ပျက်ကျခဲ့သည့် လေယာဉ်ငယ် တစ်စင်း၏ ပျက်စီးနေသည့် အစိတ်အပိုင်းများအား ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ရှာတွေ့ခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ လေးဦးလုံး သေဆုံးနေပြီ ဖြစ်ကြောင်း...
ချီကာဂို ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ချီကာဂို မြို့၏ ပြီးခဲ့သည့် ခရစ္စမတ် ပွဲတော် သီတင်းပတ် အပြီးတွင် လူပေါင်း ၆၁ ဦး သေနတ် ပစ်ခတ်မှု ကို ထပ်မံ ခံခဲ့ရပြီး ထိုအတွင်း မှ ၁၁ ဦးမှာ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) အသက် ၂ နှစ်အရွယ် အမေရိကန် ကလေးငယ် တစ်ဦးသည် ၎င်း ဖခင်၏ သေနတ်ဖြင့် မိမိကိုယ်ကို မတော်တဆ ပစ်ခတ်မိပြီး သေဆုံးသွားခဲ့ကြောင်း အမေရိကန် မီဒီယာက ဒီဇင်ဘာလ ၂၅ ရက်၌ ရေးသားထားသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိုင်အက်စ် (IS) လိုလားသူများ၏ ဝက်ဘ်ဆိုဒ်များတွင် အမေရိကန်နိုင်ငံအတွင်းရှိ ဘုရားကျောင်းများ စာရင်းကို ထုတ်ပြန်လိုက်ပြီးနောက် အားလပ်ရက်ကာလအတွင်း ဘုရားကျောင်းများအား အိုင်အက်စ် နောက်လိုက်များက ပစ်မှတ်ထားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာလ ၂၃ ရက်က သတိပေးလိုက်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိုင်အက်စ် (IS) လိုလားသူများ၏ ဝက်ဘ်ဆိုဒ်များတွင် အမေရိကန်နိုင်ငံအတွင်းရှိ ဘုရားကျောင်းများ စာရင်းကို ထုတ်ပြန်လိုက်ပြီးနောက် အားလပ်ရက်ကာလအတွင်း ဘုရားကျောင်းများအား အိုင်အက်စ် နောက်လိုက်များက ပစ်မှတ်ထားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာလ ၂၃ ရက်က သတိပေးလိုက်သည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ၌ အမေရိကန်မောင်းသူမဲ့ လေယာဉ်များ၏ ကိုးနေရာတွင် သီးခြားစီ တိုက်ခိုက်မှုများကြောင့် အာရေဗျကျွန်းဆွယ်အခြေစိုက် အယ်လ်ကိုင်းဒါးအဖွဲ့(AQAP) ဝင် အကြမ်းဖက်သမားအဖြစ် သံသယရှိသူပေါင်း ၂၈ ဦးကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ “ အကြမ်းဖက် ကွန်ရက်တွေနဲ့ချိတ်ဆက်မှုရှိတဲ့...
ဝါရှင်တန်၊ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ သတင်းသမားပေါင်း ၄၈ ဦးအသတ်ခံခဲ့ရပြီး ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့သတင်းသမားသေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ၅ နှစ်မြောက် ဆက်လက်ရပ်တည် ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၌ ဒီဇင်ဘာလ ၂ဝ ရက်က မီးရှူးမီးပန်း ရောင်းချသော ဈေးကြီး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံ ရှေ့နေချုပ် Alejandro Gomez က ဆိုသည်။
အန်ကာရာ ၊ ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ) တူရကီနိုင်ငံရှိ အမေရိကန်သံရုံးကို ဒီဇင်ဘာလ ၂ဝ ရက်တွင် ပိတ်သိမ်းထားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ အန်ကာရာမြို့ရှိ အမေရိကန်သံရုံး၏ ဒီဇင်ဘာလ ၂ဝ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။