Connect with us

North America

တရုတ်နိုင်ငံ၏ ဟွာဝေးက ကမ္ဘာ့ ဒုတိယရောင်းအားအကောင်းဆုံး စမတ်ဖုန်းနေရာ Apple ကို ဖြတ်ကျော်ရယူခဲ့

ဟွာဝေးဖုန်းဆိုင်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စမတ်ဖုန်းထုတ်လုပ်သူဖြစ်သော ဟွာဝေး (Huawei) သည် Apple ကို ကျော်တက်ကာ ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းရောင်းချသူ ဖြစ်လာကြောင်း ဈေးကွက်သုတေသနလုပ်ငန်းတစ်ခုက ပြောကြားလိုက်သည်။

ဟွာဝေးက ယခုနှစ် ဒုတိယ သုံးလပတ်အတွက် ဟန်းဆက် ၅၄.၂ သန်းခန့် ရောင်းချခဲ့ကြောင်း၊ မနှစ်ကထက် ၄၀.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ကမ္ဘာ့ စမတ်ဖုန်းရောင်းချမှု ဈေးကွက်ဝေစု၏ ၁၅ ရာခိုင်နှုန်းရှိကြောင်း၊ Apple က ၄၁.၃ သန်း ရောင်းချခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် International Data Corporation (IDC) မှ အချက်အလက်အရ သိရသည်။

လက်ရှိတွင် ဆမ်ဆောင်း (Samsung) က ဇွန်လပတ်အတွက် ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းရရှိထားပြီး စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေဆဲ ဖြစ်သည်။

စင်ကာပူအခြေစိုက် သုတေသနလုပ်ငန်း Canalys က ပြည်ပတွင် ၂၀၁၈ ခုနှစ်၏ ဒုတိယ သုံးလပတ်အတွင်း ဟွာဝေး၏ ခိုင်မာသော ရလဒ်များနှင့်အတူ ၎င်း၏ P20 နှင့် Honor တံဆိပ် စမတ်ဖုန်းများ၏ အောင်မြင်မှုကို ထောက်ခံပြောကြားခဲ့သည်။ သုံးလပတ်အတွင်း တရုတ်နိုင်ငံ ပြင်ပသို့ Honor တံဆိပ် စမတ်ဖုန်း ၄ သန်းနီးပါး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ဟွာဝေး၏ ပြည်တွင်းဈေးကွက်ဝေစုသည်လည်း အဆိုပါသုံးလပတ်တွင် အရေးပါသော တိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၆ ရာခိုင်နှုန်းတိုးလာခဲ့ကာ ၂၇ ရာခိုင်နှုန်းရှိလာခဲ့ကြောင်း Canalys အရ သိရသည်။

Counterpoint Research နှင့် HIS Markit အပါအဝင် အခြားသော သုတေသနလုပ်ငန်းများစွာမှ အချက်အလက်ကလည်း ဟွာဝေးသည် ၂၀၁၈ ခုနှစ်၏ ဒုတိယသုံးလပတ်၌ ကမ္ဘာ့စမတ်ဖုန်းရောင်းချမှုတွင် ဒုတိယနေရာ၌ ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.