Connect with us

North America

အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ အမေရိကန်နိုင်ငံ ထပ်မံပြုလုပ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများစွာ သြဂုတ်လ ၇ ရက်တွင် ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သြဂုတ်လ ၆ ရက်တွင် ကြေညာလိုက်သည်။

အရေးယူပိတ်ဆို့မှုများ၏ ပထမတစ်သုတ်သည် သြဂုတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၂ း ၀၁ နာရီ၌ စတင်အသက်ဝင်မည် ဖြစ်ပြီး အီရန်နိုင်ငံ၏ အမေရိကန်ငွေကြေးပေးချေမှု၊ ရွှေနှင့် အခြားတန်ဖိုးရှိ သတ္တုပစ္စည်းများ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းသုံး ခဲနက်၊ ကျောက်မီးသွေး၊ အလူမီနီယံနှင့် သံမဏိ အသုံးပြုမှုများအား ပစ်မှတ်ထားကြောင်း သိရသည်။

ယင်းသည် အီရန်ငွေကြေး၊ နိုင်ငံကြွေးမြီအာမခံနှင့် နိုင်ငံ၏ မော်တော်ကားကဏ္ဍများတွင် ပိတ်ဆို့မှုများက သက်ရောက်စေမည် ဖြစ်သည်။အခြားသောပိတ်ဆို့မှုများအား နိုဝင်ဘာလက လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး အီရန်နိုင်ငံ၏ ဆိပ်ကမ်း၊ စွမ်းအင်နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ၊ ဓာတ်ဆီနှင့် ဆက်စပ်သည့် အရောင်းအဝယ်များ၊ဗဟိုဘဏ်နှင့် ပြည်ပ ရောင်းဝယ်ဖောက်ကားမှုများကို သက်ရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)