Connect with us

North America

Maduro လုပ်ကြံခံရမှုတွင် အမေရိကန်နိုင်ငံပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဘိုလ်တန် ငြင်းဆို

ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလက်စ် မတ်ဒူရို အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က မကြာသေးခင်ကဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလက်စ် မတ်ဒူရို( Nicolas Maduro) အား လုပ်ကြံမှုတွင် အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သြဂုတ် ၅ ရက်တွင် ငြင်းဆိုပြောကြားခဲ့သည်။

Fox News Sunday ရုပ်သံအစီအစဉ်နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဘိုလ်တန်က “ အဲဒီဖြစ်စဉ်အားလုံးမှာ အမေရိကန်အစိုးရက ပါဝင်ပတ်သက်ခြင်း လုံးဝ မရှိပါဘူးလို့ကျွန်တော်ပြောနိုင်ပါတယ် ” ဟု ဆိုသည်။ကာရေးကပ်မြို့ရှိ အမေရိကန်သံအမတ်နှင့်ဆက်သွယ်ပြီး “ အဲဒီဖြစ်ရပ်မှာ အမေရိကန်ဘက်က ရှင်းပါတယ် ” ဟုပြောကြားခဲ့ကြောင်း ဘိုလ်တန်က ဆိုသည်။

ဗင်နီဇွဲလားသမ္မတ မတ်ဒူရိုသည် သြဂုတ် ၅ ရက် ညနေပိုင်းက ပြုလုပ်သည့် ၈၁ နှစ်မြောက် ဗင်နီဇွဲလားအမျိုးသားအစောင့်တပ် အောက်မေ့ဖွယ်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် မောင်းသူမဲ့လေယာဉ်ငယ်(ဒရုန်း) ဖြင့် တိုက်ခိုက်ခံရသော်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ လွတ်မြောက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဟု မတ်ဒူရိုက စွပ်စွဲခဲ့ပြီး ကိုလံဘီယာအစိုးရ ၊ အမေရိကန်နိုင်ငံရှိ ပူးပေါင်းကြံစည်သူများ နှင့် ဗင်နီဇွဲလားနိုင်ငံရှိ လက်ယာယိမ်းများအား ပြစ်တင်ပြောကြားခဲ့သည်။ဗင်နီဇွဲလားနိုင်ငံ ရွေးကောက်ပွဲတွင် မတ်ဒူရို ပြန်လည်အရွေးခံရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သမ္မတအမိန့်အာဏာဖြင့် အမေရိကန်နိုင်ငံအတွင်း တစ်ဦးချင်းဖြစ်စေ ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ဗင်နီဇွဲလားအစိုးရအား မည်သည့်ငွေပေးချေမှုကိုမဆို ခွင့်မပြုရန် ပိတ်ပင်တားမြစ်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.