Connect with us

North America

အမေရိကန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန်ရှိ

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့် ခ်ျ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်ချ်က အမေရိကန်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်သွားရန် စီစဉ်ထားကြောင်း သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့အာကာသတပ်ဖွဲ့ဖွဲ့စည်းရန် ပင်တဂွန်စစ်ဌာနချုပ်တွင် ထိပ်တန်းအရာရှိများက မေးခွန်းထုတ်ခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်၏ အကြံဉာဏ်ဖြစ် ဖွဲ့စည်းရန် ဖြစ်ကြောင်း ပန့်ချ်က ဆိုသည်။

“ အမေရိကန်နိုင်ငံ အာကာသတပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ဖို့အချိန်ကျရောက်လို့လာပါပြီ” ဟု ပန့်ချ်က ပင်တဂွန်စစ်ဌာနချုပ်၌ ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ပြေကြားခဲ့ခြင်းဖြစ်ပြီး သမ္မတထရမ့်အနေဖြင့် ယခုနှစ်အစောပိုင်းကတည်းက အမေရိကန်စစ်တပ်၏ ၆ ခုမြောက် တပ်ဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းရန် တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ အာကာသမှာနေရာယူဖို့အမေရိကန်ဟာ ဒီလောက်နဲ့လုံလောက်မှုမရှိသေးပါဘူး။ အာကာသမှာ အမေရိကန်နိုင်ငံစိုးမိုးဖို့ကျွန်တော်တို့လုပ်ရမယ်။ဒါကြောင့် ကျွန်တော်တို့လုပ်ရပါလိမ့်မယ်” ဟု ပန့်ချ်က ဆိုသည်။

ပန့်ချ်တင်သွင်းခဲ့သော စာမျက်နှာပေါင်း ၁၅ မျက်နှာပါဝင်သည့် အမေရိကန်တပ်ဖွဲ့သစ် ဖွဲ့စည်းရေး အစီရင်ခံစာတစ်ခုအပေါ် ပင်တဂွန်ဘက် သဘောမတူမှုများ ရှိခဲ့သည်။

၎င်းအစီရင်ခံစာထဲတွင် အာကာသစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုဖွဲ့စည်းတည်ထောင်သွားရန် တောင်းဆိုထားပြီး အာကာသကျွမ်းကျင်သူများဖြင့် “ လေ့ကျင့်ရေး ၊ မြှင့်တင်ရေး ၊ အာကာသအတွင်း တိုက်ခိုက်ရေး” အစီအစဉ်များပါဝင်ကြောင်း သိရသည်။ ယင်းတပ်ဖွဲ့သည် “ အာကာသစစ်ပွဲ ပါဝင်ရေး နှင့် စွမ်းရည်မြှင့်တင်ရေး ” ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့သစ်အတွက် ဘက်ဂျက်တောင်းခံမှုကို လာမည့် ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ကွန်ဂရက်အနေဖြင့် “ အာကာသလုံခြုံရေးစနစ်များအတွက် ကာကွယ်ရေးဖြည့်စွက်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ” ကို အတည်ပြုပေးရမည်ဖြစ်ကြောင်း ဆိုသည်။

ကွန်ဂရက် နှင့် ပင်တဂွန်ထိပ်တန်း အရာရှိများ၏ အတိုက်အခံပြုမှုများနှင့်အတူ “ ကာကွယ်ရေးတပ်ဖွဲ့အသစ် တစ်ခု ဖွဲ့စည်းတဲ့ကိစ္စဟာ လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုမဟုတ်” ကြောင်း ပန့်ချ်က ပြောကြားခဲ့သည်။ (Xinhua)