မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) မက္ကဆီကို အလယ်ပိုင်း ရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အီရန်သည် အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ရေနံမတင်ပို့နိုင်ပါက ပင်လယ်ကွေ့ဒေသများ၏ရေနံတင်ပို့မှုကိုလည်း အတားအဆီးဖြစ်စေနိုင်ကြောင်း အီရန်သမ္မတ Hassan Rouhaniက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
အက်ဒစ်အဘာဘာ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Amhara ပြည်နယ် တွင် လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၂ဦး သေဆုံးခဲ့ကြောင်း Fana Broadcasting Corporate (FBC) က ဒီဇင်ဘာ ၄ရက်တွင်ဖော်ပြခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး ထိုင်းဘုရင် မဟာဝိဇီယလောင်ကွန်း ၏ ဘိသိက်ခံယူပွဲအခမ်းအနားအား ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဒီဇင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ကွယ်လွန်သူ အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ် (George H.W. Bush) ၏ ရုပ်အလောင်း ထည့်သွင်းထားသည့် ခေါင်းတလားကို အများပြည်သူတို့နောက်ဆုံးအကြိမ် ဂါရဝပြုနိုင်ရန် ဝါရှင်တန်ဒီစီမြို့တော်သို့ဒီဇင်ဘာ ၃ ရက်က သယ်ဆောင်လာခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papuaပြည်နယ်Ndugaခရိုင်ရှိ လမ်းဆောက်လုပ်ရေးစီမံကိန်းတစ်ခု အတွင်းသို့ လွန်ခဲ့သောရက်များက လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ရာ အလုပ်သမားဝန်ထမ်း ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရာရီဗန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အာမေးနီးယားနိုင်ငံ စစ်တပ်မှ SU-25 စစ်လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းတွင် Transcaucasian ပြည်နယ် အနောက်မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ဦးသေဆုံးခဲ့ကြောင်း အာမေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး James Mattis သည် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Nirmala Sithraman အား ဒီဇင်ဘာ ၃ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်၌ လက်ခံတွေ့ဆုံခဲ့ပြီး အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မီးမောင်းထိုးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ဒီဇင်ဘာ ၃ ရက်က အရပ်သားနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင် အကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲဝန်ထမ်း ၁ ဦး သေဆုံးပြီး အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား အဓိကပူးပေါင်းဆောင်ရွက်မှုများအနက်တစ်ခုက အာဂျင်တီးနားနိုင်ငံ၏ ကုန်စည်နှင့် ခရီးသည်တင် ရထားများအပါအဝင် သက်တမ်းရင့်ရထားလမ်းကွန်ရက်၌ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။