ဘန်ကောက်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်း Mukdhan ပြည်နယ်တွင် သြဂုတ် ၁၃ ရက်က ထိုင်းဘတ် ၁၁သန်းကျော် (အမေရိကန်ဒေါ်လာ ၃၅၈,၈၉၀) တန်ဖိုးရှိ အီး-စီးကရက် ၂၀,၀၀၀ ကျော် အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြဂုတ် ၁၃ ရက်က လူငယ်ကစားသမားများကို လက်မှတ်ထိုး စာချုပ်ရာတွင် စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် မန်းစီးတီးအသင်းအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ(FIFA) က ဒဏ်ကြေးငွေ ဆွစ်ဖရန့်စ် ၃၇ဝ,ဝဝဝ ( အမေရိကန်ဒေါ်လာ ၃၇၉,ဝဝဝ) ချမှတ်ကြောင်း နှင့် ကစားသမားအပြောင်းအရွှေ့ပိတ်ပင်တားမြစ်မှုပြုလုပ်ခြင်းမရှိကြောင်း...
မက္ကဆီကို စီးတီး ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ပြီးခဲ့သော ဆယ်စုနှစ် အတွင်း မက္ကဆီကို နိုင်ငံသို့တရားမဝင် လက်နက်များ အရေအတွက် နှစ်သန်းကျော် ဝင်ရောက် လာခဲ့ပြီး ယင်းတို့အထဲမှ တစ်ဝက်ကျော်မှာ ပြန်လည် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မက္ကဆီကို အစိုးရ အဖွဲ့က သြဂုတ် ၁၃...
ဖနွမ်းပင်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ အန်ကောဝပ်ကျောင်းတော်ကြီး၏ ပတ် လည်မြက်ခင်းပြင်များ၌လာရောက်သည့်ကမ္ဘာလှည့်ခရီးသွားများအနေဖြင့်အစားအစာများစားသောက် ကြခြင်း က ကျောင်းတော်ကြီး၏ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးကိုသေးသိမ်စေပြီး သဘာဝပတ်ဝန်းကျင်ကို လည်း ထိခိုက်စေသောကြောင့်ထိုအလေ့အထကိုတားမြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ က ဆင်ဟွာသတင်းဌာနသို့ သြဂုတ်လ ၁၄ ရက်တွင်ပြောကြားခဲ့ကြသည်။
နယူးဒေလီ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်းနှင့် ရွှံ့သဲကျောက်ရေစီးဆင်းခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားနေရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၀၀ ရှိပြီး လူအများအပြားပျောက်ဆုံးနေကြောင်း သိရသည်။
ဒိုဟာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နှင့် အာဖဂန် တာလီဘန်တို့၏ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ကာတာနိုင်ငံ မြို့တော် ဒိုဟာ တွင် ကျင်းပခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) စင်ကာပူမြစ်ကမ်းနံဘေးတွင် ခင်းကျင်းထားသည့် တရုတ်နိုင်ငံ ထန်မင်းဆက် (အေဒီ ၆၁၈-၉၀၇) ခေတ်က ကြွေထည်ခွက်များနှင့် ရှေးခေတ်ရွှေထည် အသုံးအဆောင်ပစ္စည်းများပြပွဲက ရှေးခေတ်ကုန်သွယ်မှု လမ်းကြောင်းတွင် ဤဒေသက အရေးပါသောနေရာတွင် မည်သို့ ပါဝင်ခဲ့သည်ကို လှစ်ဟပြလိုက်သည်။
ဘန်ကောက် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနပူရီ(Kanchanaburi)ပြည်နယ် တစ်လျှောက် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် နိုင်ငံ၏ အရှည်ဆုံး သစ်တား တံတား ဖြစ်သည့် Uttamanusorn တံတားအား ထိုင်းစစ်တပ် က သြဂုတ် ၁၂ ရက်တွင် စဉ်ဆက်မပြတ် စောင့်ကြည့်နေကြကြောင်း...
လာပါဇ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ဘက်တွင် သြဂုတ် ၁၂ ရက်၌ ကုန်တင်ထရပ်ကားတစ်စီး နှင့် မီနီဘတ်စ်တစ်စီး တို့မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒါအီစ်ဆာလမ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံအရှေ့ပိုင်း Morogoro ဒေသတွင် လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်မှာ ၇၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အရှေ့အာဖရိကနိုင်ငံများအဖွဲ့ ဆေးဖက်ဆိုင်ရာအကူအညီပေးရေးဦးဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင်ပြောကြားခဲ့သည်။