Connect with us

North America

မက္ကဆီကိုနိုင်ငံသို့ ပြီးခဲ့သော ဆယ်စုနှစ် အတွင်း တရားမဝင် လက်နက်များ အရေအတွက် နှစ်သန်းကျော် ဝင်ရောက်

မက္ကဆီကို နိုင်ငံ၌ လုံခြုံရေး ယူနေသည့် တပ်ဖွဲ့ ဝင် တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

မက္ကဆီကို စီးတီး ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

ပြီးခဲ့သော ဆယ်စုနှစ် အတွင်း မက္ကဆီကို နိုင်ငံသို့တရားမဝင် လက်နက်များ အရေအတွက် နှစ်သန်းကျော် ဝင်ရောက် လာခဲ့ပြီး ယင်းတို့အထဲမှ တစ်ဝက်ကျော်မှာ ပြန်လည် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မက္ကဆီကို အစိုးရ အဖွဲ့က သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လက်နက် အရေအတွက်အား ကာကွယ်ရေး ဝန်ကြီး Luis Cresencio Sandoval က မက္ကဆီကို နိုင်ငံ သမ္မတ Andres Manuel Lopez Obrador နှင့် အတူ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအရေအတွက်မှာ မက္ကဆီကို အစိုးရက ၂၀၀၉ ခုနှစ် နှင့် ၂၀၁၉ ခုနှစ် အကြား ရောင်းချခဲ့သော လက်နက် များ အရေအတွက် ၄၅၀,၆၂၅ နှင့် နှိုင်းယှဉ်ပါက ကွဲပြား ခြားနားနေကြောင်း သိရသည်။

ထို့ပြင် မက္ကဆီကို နိုင်ငံ သမ္မတ Andres Manuel Lopez Obrador အစိုးရ အဖွဲ့သက်တမ်း စတင်ခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှ ယခု အထိ အတွင်း၌ပင် လက်နက် အရေအတွက် ၇,၉၂၇ လက်အား ဖော်ထုတ်ရရှိခဲ့ကြောင်း ၊ ယင်းမှာ ပြောခဲ့သည့် အတိုင်း လက်နက် ရောင်းချမှုအား ပရမ်းပတာ ပြုလုပ်နေသည်ကို ပြသကြောင်း ကာကွယ်ရေး ဝန်ကြီး Sandoval က ပြောကြားခဲ့သည်။

တရားမဝင် လက်နက်များကုန်ကူးခြင်း၏ ၇၀ ရာခိုင်နှုန်းသည် အမေရိကန် နိုင်ငံမှ မှောင်ခို ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ကျန်သည်များမှာ စပိန် ၊ အီတလီ နှင့် သြစတေးလျ စသည့် ဥရောပ နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံတွင် လက်နက်များ ကိုင်ဆောင်ခြင်းကို ကာကွယ်ရေး ဝန်ကြီးဌာနမှ စည်းမျဉ်းများ သတ်မှတ် ထားပြီး လိုင်စင် ရယူခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117