Connect with us

Africa & Middle East

တန်ဇန်နီးယားနိုင်ငံ၌ လောင်စာဆီတင်ယာဉ်မီးလောင်မှုတွင် သေဆုံးသူ ၇၅ ဦးထိ ရှိလာ

တန်ဇန်နီးယားနိုင်ငံ၌ လောင်စာဆီတင်ယာဉ် မီးလောင်မှုအား မီးသတ်သမားများက ဝိုင်းဝန်းငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါအီစ်ဆာလမ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံအရှေ့ပိုင်း Morogoro ဒေသတွင် လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်မှာ ၇၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အရှေ့အာဖရိကနိုင်ငံများအဖွဲ့ ဆေးဖက်ဆိုင်ရာအကူအညီပေးရေးဦးဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင်ပြောကြားခဲ့သည်။

သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆီတင်ကားတိမ်းမှောက်မှုတွင် လူ ၆ဝ ဦး အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း နှင့် အခြား လူ ၇ဝ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

ယခုနောက်ဆုံး သေဆုံးသွားသူများမှာ ဒဏ်ရာရ၍ ဆေးရုံသို့ရောက်ရှိလာပြီး အထူးကြပ်မတ် ကုသဆောင်၌ ကုသမှုခံယူနေရသည့် လူနာ ၄၃ ဦးထဲမှ ဖြစ်ကြောင်း Muhimbili အမျိုးသားဆေးရုံ၏ လူထုဆက်ဆံရေးအရာရှိ Aminiel Aligaesha က ဆိုသည်။

“ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရပြီး ဆေးရုံမှာတက်ရောက်ကုသခံယူနေရတဲ့ လူနာ ၄ ဦး ထပ်မံသေဆုံးသွားပါတယ်။ အခုချိန်မှာ အသက်ရှင်ကျန်ရစ်သူ ၃၉ ဦးပဲ ရှိပါတော့တယ်” ဟု ၎င်းက ဆိုသည်။

မီးလောင်မှုအတွင်း သေဆုံးသွားသည့်ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်သားပြီးနောက် အများစုကို Morogoro ဒေသ၌ သြဂုတ် ၁၂ ရက်တွင် အစုလိုက်အပြုံလိုက် မြေမြှုပ်သြင်္ဂ ိုလ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူအများစုမှာ ဆီတင်ကားတိမ်မှောက်မှုဖြစ်ပွားရာမှ ယိုဖိတ်ကျလာသော လောင်စာဆီများကို ခပ်ယူစုဆောင်းနေစဉ် မီးလောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသူများဖြစ်ကြောင်း နှင့် မီးတောက်မှာ အလွန်ပြင်းထန်ကြောင်း သိရသည်။

သြဂုတ် ၁၂ ရက်တွင် တန်ဇန်းနီးယားနိုင်ငံ ဝန်ကြီးချုပ် Kassim Jajaliwa က လောင်စာဆီတင်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117