Connect with us

Africa & Middle East

ကမ္ဘာလှည့်ခရီးသွားများ အန်ကောဝပ်ကျောင်းမြက်ခင်းပြင်၌အစာစားခြင်းကို တားမြစ်

အန်ကောဝပ်ကျောင်းတော်ကြီး၏ ပတ်လည်မြက်ခင်းပြင်များ၌လာရောက်လည်ပတ်သူများက အစားအသောက်များ စားသောက်နေကြစဉ်(အင်တာနက်)

ဖနွမ်းပင်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ အန်ကောဝပ်ကျောင်းတော်ကြီး၏ ပတ် လည်မြက်ခင်းပြင်များ၌လာရောက်သည့်ကမ္ဘာလှည့်ခရီးသွားများအနေဖြင့်အစားအစာများစားသောက် ကြခြင်း က ကျောင်းတော်ကြီး၏ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးကိုသေးသိမ်စေပြီး သဘာဝပတ်ဝန်းကျင်ကို

လည်း ထိခိုက်စေသောကြောင့်ထိုအလေ့အထကိုတားမြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ က ဆင်ဟွာသတင်းဌာနသို့ သြဂုတ်လ ၁၄ ရက်တွင်ပြောကြားခဲ့ကြသည်။

အန်ကောဝပ်ကျောင်းတော်ကြီး၏ ရှေးဟောင်းယဉ်ကျေးမှုဥယျာဉ်ကိုကာကွယ်ရန် နှင့်ထိန်းသိမ်းစောင့် ရှောက်ရန်တာဝန်ရှိသော Apsara အမျိုးသားအာဏာပိုင်အဖွဲ့၏ညွှန်ကြားရေးမှူးချုပ်ဟန်းပေါ့ဗ်(Hang Pov) ကကျောင်းတော်ကြီး၏ပတ်လည်မြက်ခင်းပြင်ပေါ်တွင်မွေ့ရာများ၊အဝတ်ပုခက်များခင်းကာကမ္ဘာ

လှည့်ခရီးသွားများ အစားအစာများစားသောက်ရန်ရောင်းချခြင်းကိုမပြုလုပ်ရန်လည်း အစားအသောက် ရောင်းသူများကိုတားမြစ်ထားကြောင်း ဆင်ဟွာသို့ပြောခဲ့သည်။

၎င်းကထိုသို့ပြုမူဆောင်ရွက်သည့်အလေ့အထများက ရှေးဟောင်းယဉ်ကျေးမှုဥယျာဉ်ကြီးအတွင်းယဉ် ကျေးမှုအမွေအနှစ်ကိုထိခိုက်စေသကဲ့သို့ ဥပဒေစိုးမိုးမှုကိုလည်းပျက်ပြားစေကြောင်းပြောခဲ့သည်။

ဟန်းပေါ့ဗ် က အစားအသောက်ရောင်းသူများနှင့်ကမ္ဘာလှည့်ခရီးသွားများအား ဤကဲ့သို့တားမြစ်မှုနှင့် ပတ်သက်၍ ၄၅ ရက်တာကာလအတွင်းမပြုလုပ်ကြရန်အကြံပေးမှုကိုသာပြုသွားမည်ဖြစ်ပြီး ထို့နောက် တွင်မူ ချိုးဖောက်သူများအား အရေးယူသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

အန်ကောဝပ်ကျောင်းတော်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ကမ္ဘာလှည့်ခရီးသွားများအများဆုံးလာရောက် ရာနေရာဖြစ်ပြီး ဆီယမ်ရိပြည်နယ်၏အနောက်မြောက်ဘက်တွင်တည်ရှိကာ ယူနက်စကိုအဖွဲ့ကကမ္ဘာ့ အမွေအနှစ်တစ်ခုအဖြစ် ၁၉၉၂ ခုနှစ်တွင်ကြေညာခဲ့သည်။

ထိုကျောင်းတော်ကြီးသို့ ၂၀၁၉ ခုနှစ်၏ ပထမခုနှစ်လအတွင်းကမ္ဘာလှည့်ခရီးသွား ၁ ဒသမ ၃၉ သန်း လာရောက်ခဲ့ကြရာဝင်ကြေးအမေရိကန်ဒေါ်လာ ၆၂ ဒသမ ၃ သန်းရရှိခဲ့ကြောင်းသိရသည်။(Xinhua)