Connect with us

Europe

ဖီဖာက မန်စီးတီးအသင်းအား ဒဏ်ငွေ ၃၃၉,ဝဝဝ ယူရိုချမှတ် ၊ ကစားသမား အပြောင်းအရွှေ့ပိတ်ပင်တားမြစ်မှု ပြုလုပ်ခြင်းမရှိ

ပရီးမီးယားလိဂ်၏နာမည်ကျော် မန်စီးတီးဘောလုံးအသင်းသားများအားတွေ့ ရစဉ်(အင်တာနက်)

လန်ဒန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

သြဂုတ် ၁၃ ရက်က လူငယ်ကစားသမားများကို လက်မှတ်ထိုး စာချုပ်ရာတွင် စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် မန်းစီးတီးအသင်းအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ(FIFA) က ဒဏ်ကြေးငွေ ဆွစ်ဖရန့်စ် ၃၇ဝ,ဝဝဝ ( အမေရိကန်ဒေါ်လာ ၃၇၉,ဝဝဝ) ချမှတ်ကြောင်း နှင့် ကစားသမားအပြောင်းအရွှေ့ပိတ်ပင်တားမြစ်မှုပြုလုပ်ခြင်းမရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် “ အသက် ၁၈ နှစ်အောက် နိုင်ငံတကာ ကစားသမားများအထူးသဖြင့် ၎င်းတို့၏ စမ်းသပ်ကာလ နှင့် ချစ်ကြည်ရေးပွဲများတွင် ပါဝင်ကစားမှုသတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းများကိုလိုက်နာရန် ပျက်ကွက်ကြောင်း” ထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းက မန်စီးတီးအသင်း၏ ပြိုင်ဘက် ချဲလ်ဆီးအသင်းသည် အလားတူစည်းမျဉ်းချိုးဖောက်ခဲ့ကြောင်းနှင့် ဖီဖာက ၂ဝ၂ဝ ပြည့်နှစ် အပြောင်းအရွှေ့ရာသီပိတ်သည်အထိ ကစားသမားအပြောင်းအရွှေ့စာချုပ်ချုပ်ဆို လက်မှတ်ထိုးခွင့် ပိတ်ပင်တားမြစ်ပြစ်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။

သို့သော် မန်စီးတီးအသင်းသည် ၎င်း၏ တာဝန်ခံမှုဖြင့် ကစားသမားအပြောင်းအရွှေ့ပြစ်ဒဏ်ကို ရှောင်ရှားနိုင်ခဲ့ကြောင်း သိရသည်။

“ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းအရ ကလပ်အသင်းတွေအနေနဲ့စည်းမျဉ်းပြဌာန်းချက်ကို ချိုးဖောက်တဲ့အမှားကို ဝန်ခံနိုင်သလို ဖီဖာထံမှာ ပြစ်ဒဏ်အတွက် အယူခံ လျှောက်လဲချက်ပြုနိုင်ပါတယ်” ဟု မကြာသေးခင်က မေးခွန်းထွက်ပေါ်ခဲ့ခြင်းအပေါ် ဖီဖာက တုံ့ပြန်ဖြေကြားခဲ့သည်။

“ ဒီမေးခွန်းထဲမှာ ပါသလိုပဲ စည်းမျဉ်းစည်းကမ်းကို လွဲမှားစွာ ပြုမူဆောင်ရွက်ခဲ့တဲ့ အကျိုးဆက်တစ်ခုအတွက်ကလပ်အသင်းအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ လိုက်နာဆောင်ရွက်သွားမှာပါ’’ဟု မန်စီးတီးအသင်း၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117