Connect with us

Asia

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် ရေဘေးကြောင့် သေဆုံးသူ ၂၀၀ အထိ တိုးမြင့်လာ


နယူးဒေလီ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်းနှင့် ရွှံ့သဲကျောက်ရေစီးဆင်းခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားနေရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၀၀ ရှိပြီး လူအများအပြားပျောက်ဆုံးနေကြောင်း သိရသည်။

ရေဘေးအဆိုးဝါးဆုံးဖြစ်သည့် ကီရာလာ(Kerala)ပြည်နယ်တွင် အနည်းဆုံး ၈၅ ဦး ၊ကာနာတာကာ(Karnataka) ပြည်နယ်၊ ဂူဂျာရတ်(Gujarat)ပြည်နယ် နှင့် မဟာရာရ်တရာ(Maharashtra) ပြည်နယ်တို့တွင် အနည်းဆုံး ၁၁၅ ဦး သေဆုံးခဲ့ကြောင်း India Today ဝက်ဘ်ဆိုက်က အစိုးရထုတ်ပြန်သည့် စာရင်းများကို ကိုးကား၍ ဖော်ပြထားသည်။ အဆိုပါရေဘေးသင့်နေရာများတွင် ကူညီကယ်ဆယ်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

သြဂုတ် ၈ ရက်မှစ၍ ကီရာလာ ပြည်နယ် Malappuramနှင့်Wayanadဒေသနှစ်ခုတွင် ရွှံ့သဲကျောက်မြေစီးဆင်းမှုကြောင့် လူ ၅၀ ကျော် ၊ကာနာတာကာပြည်နယ်တွင် လူ ၁၂ ဦး ပျောက်ဆုံးလျက်ရှိရာ ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးကို အချိန်လုလုပ်ဆောင်နေရကြောင်း သိရသည်။ မဟာရာရ်တရာပြည်နယ်တွင် ရေဘေးဒဏ်သင့်ပြည်သူ ၄၇၀,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် မုတ်သုတ်မိုးရာသီဖြစ်ပြီး လျှပ်စီးမိုးကြိုးမုန်တိုင်းများ မကြာခဏဖြစ်ပွားလေ့ရှိရာ ရေကြီးရေလျှံမှု ၊ ရွှံ့သဲကျောက်မြေ စီးဆင်းမှုစသည့် ဘေးအန္တရာယ်မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117