Connect with us

Asia

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာများတွင် အရှေ့တောင်အာရှဈေးကွက်နှင့်အတူ စင်ကာပူနိုင်ငံက ပြိုင်ဘက်ကင်း အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ

စင်ကာပူနိုင်ငံရှိ အာရှ လူမှုယဉ်ကျေးမှုအဖွဲ့အစည်းပြတိုက်တွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

စင်ကာပူမြစ်ကမ်းနံဘေးတွင် ခင်းကျင်းထားသည့် တရုတ်နိုင်ငံ ထန်မင်းဆက် (အေဒီ ၆၁၈-၉၀၇) ခေတ်က ကြွေထည်ခွက်များနှင့် ရှေးခေတ်ရွှေထည် အသုံးအဆောင်ပစ္စည်းများပြပွဲက ရှေးခေတ်ကုန်သွယ်မှု လမ်းကြောင်းတွင် ဤဒေသက အရေးပါသောနေရာတွင် မည်သို့ ပါဝင်ခဲ့သည်ကို လှစ်ဟပြလိုက်သည်။

စင်ကာပူနိုင်ငံရှိ အာရှ လူမှုယဉ်ကျေးမှှုအဖွဲ့အစည်းပြတိုက်တွင် ခင်းကျင်းပြသထားသည့် နှစ်ပေါင်းများစွာ သက်တမ်းရှိသော ရှေးဟောင်းအမွေအနှစ်များက တရုတ်နိုင်ငံမှ ယနေ့ခေတ် အရှေ့အလယ်ပိုင်းဒေသသို့ ကုန်စည်များ သယ်ဆောင်လာသော အာရပ်သင်္ဘောတစ်စီးမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောမှာ ဆူမတြားကျွန်း ကမ်းခြေပြင်ပတွင် နစ်မြုပ်သွားခဲ့ရာ ယင်းတို့အား ရှာဖွေတွေ့ရှိခဲ့သည့် ၁၉၉၈ ခုနှစ် မတိုင်မီအထိ မည်သူမျှ မထိတွေ့ဘဲ ကျန်ရှိခဲ့ခြင်းဖြစ်ပေသည်။

သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းများနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများက ရှေးခေတ်ကာလကတည်းက ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် ဤဒေသ၏ ထင်ပေါ်ကျော်စောမှုကို ထပ်ခါတလဲလဲ သရုပ်ဖော်ပြနေခဲ့သည်။ ယနေ့ခေတ်တွင်လည်း စင်ကာပူနိုင်ငံက ဒေသတွင်း၏ အသုံးပြုမှုအများဆုံး ပင်လယ်ဆိပ်ကမ်းများအနက် တစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုငွေနှင့် နည်းပညာများ စီးဆင်းမှုအတွက် အချက်အခြာတစ်ခုအဖြစ် ကဏ္ဍသစ်တစ်ခု ရယူလျက်ရှိသည်။

စင်ကာပူနိုင်ငံက ပြည်ပဈေးကွက်များနှင့်အတူ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာများ ချိတ်ဆက်ရာတွင် ထူးခြားသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ချန်ကျန့်ဆန်း (Chan Chun Sing) က ပြောခဲ့သည်။

တရုတ်ကုမ္ပဏီများစွာက ၎င်းတို့၏ ပြည်ပစွန့်စားမှုအတွက် အဓိကအားဖြင့် အရှေ့တောင်အာရှဈေးကွက်တွင် အခြေစိုက်နေရာများအဖြစ် စင်ကာပူနိုင်ငံအား ရွေးချယ်ခဲ့ပြီးဖြစ်သည်။

စင်ကာပူနိုင်ငံရှိ အာရှ လူမှုယဉ်ကျေးမှှုအဖွဲ့အစည်းပြတိုက်တွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Ping An Group အဖွဲ့ဝင်တစ်ခုဖြစ်သော OneConnect Financial Technology Singapore ကုမ္ပဏီလီမိတက်သည် စင်ကာပူနိုင်ငံတွင် အခြေစိုက်ထားခဲ့သည်။ လက်ရှိတွင် ယင်းကုမ္ပဏီက တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများရှိ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများသို့ Fintech ထုတ်ကုန်များ ရောင်းဝယ်လျက်ရှိသည်။

OneConnect Financial Technology Singapore ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ထန်ဘင်ရု (Tan Bin Ru) က ၎င်းတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကဲ့သို့ နိုင်ငံများရှိ ဝယ်သူများအား ချဲ့ထွင်ခဲ့သည်။

တရုတ်နိုင်ငံရှိ Ping An Group က ဘဏ်များကဲ့သို့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအတွက် မိမိတို့၏ လုပ်ငန်းများအား အဆင့်မြှင့်တင်ရန်နှင့် ဒီဂျစ်တယ်စနစ်ဖြစ်စေရန် မျက်နှာကိုမှတ်သားထားခြင်းကဲ့သို့သော ငွေကြေးဆိုင်ရာ နည်းပညာများ အဆင့်မြှင့်ထားခဲ့ကြောင်း တန်ဘင်ရုက ဆိုသည်။

ထို့ပြင် တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာ (Alibaba) ကလည်း စင်ကာပူနိုင်ငံတွင် ၎င်းတို့၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) စင်တာအား တည်ထောင်ခဲ့ကာ Alibaba Cloud ၏ နိုင်ငံတကာရုံးချုပ် ထားရှိပြီး နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုအား စွမ်းရည်နှင့် အကျိုးအမြတ်များတွင် အကျိုးရှိစွာ အသုံးချလျက်ရှိသည်။

ပွင့်လင်းစဈေးကွက်များနှင့် ငယ်ရွယ်သောလူဦးရေများရှိသည့် အရှေ့တောင်အာရှနိုင်ငံများက တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာ စီးပွားရေးလည်ပတ်သူများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုဆွဲဆောင်မှု ရှိလာခဲ့သည်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံ (ASEAN) က လူဦးရေ သန်း ၆၀၀ ခန့်အား စုပေါင်းထားပြီး ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး အမေရိကန် ၃ ထရီလီယံနီးပါး စုပေါင်းထားခဲ့သည်။ တရုတ်နိုင်ငံနှင့် ယင်းဒေသ၏ ကုန်သွယ်မှုနှင့် ချိတ်ဆက်မှုများကလည်း တိုးတက်လျက်ရှိသည်ကို တွေ့ရသည်။ ထို့ပြင် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် အာဆီယံက တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်လာခဲ့ကာ အမေရိကန်နိုင်ငံအား ကျော်တက်သွားခဲ့သည်။

စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တတိယပါတီဈေးကွက်များတွင် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာရှိသည်ဟု စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ချန်က ပြောခဲ့သည်။

အနာဂတ်ကို မျှော်ကြည့်ပါက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ ပိုမိုပွင့်လင်းစွာ တံခါးဖွင့်လာသဖြင့် ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုက သာ၍ တိုးတက်ခိုင်မာလာမည်ဖြစ်သလို တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လိုက်လျောညီထွေရှိစွာဖြင့် တိုးတက်လာမည်ဟု မျှော်မှန်းရပေသည်။ (Xinhua)