ဆန်ဒီယာဂို၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြောက်ပိုင်း Coquimbo ဒေသတွင် ဇန်နဝါရီ ၁၉ ရက်က ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ဆန်ဒီယာဂိုတွင်လည်း ပြင်းထန်သည့် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်း သိရသည်။
ဘန်ကောက် ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha)က ဇန်ဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော အနည်းဆုံး သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရသည့် ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝတ်(Narathiwat) ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဇန်နဝါရီ ၁၉ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်သွားရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များက သင်ခန်းစာများကို မမေ့ပစ်ကြရန်နှင့် အမုန်းစကားများမှ ဝေးဝေးနေကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဇန်နဝါရီလ ၁၈ ရက်က သတိပေးလိုက်သည်။
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဟီဒဲလ်ဂိုပြည်နယ်တွင် ဇန်နဝါရီလ ၁၈ ရက်က ပိုက်လိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်းများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) တို့အကြား ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို “ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း” အိမ်ဖြူတော်က ဇန်နဝါရီလ ၁၈ ရက်တွင်...
နီကိုရှား ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဆိုက်ပရပ် နိုင်ငံ စီးပွားရေး ၂၀၁၃ ခုနှစ်တွင် စီးပွားရေး အကျပ်အတည်း နိမ့်ကျနေသည့် အခြေအနေမှ ဆွဲတင်နိုင်ခြင်း နှင့် တိုးတက်မှု အတွက် ဆက်လက် မောင်းနှင်ပေးသော အဓိက ကဏ္ဍ ဖြစ်သည့် ခရီးသွား လုပ်ငန်းသည် ၂၀၁၈...
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် မြို့ တော် ဘော့စတွန် တွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ တစ်ဦး...
ဘိုဂိုတာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက ရဲအတတ်သင်တန်းကျောင်း အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက်နှောင်းပိုင်းက ပြောကြားလိုက်သည်။
ရာဘတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အာဏာပိုင်များက နှစ်အလိုက်အားဖြင့် ၃၇ ရာခိုင်နှုန်း တိုးလာသော တရားမဝင်ရွှေ့ပြောင်း နေထိုင်ရန် အားထုတ်သူ ၈၈,၇၆၁ ဦးကို ၂၀၁၈ ခုနှစ်တွင်း တားဆီးကာကွယ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်က ပြောကြားသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေသည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သွားရောက်မည့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင် အိမ်ဖြူတော်က...