Connect with us

Latin America

ဂွာတီမာလာနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ဂျန်မတ်တိုင် အနိုင်ရ

ဂွာတီမာလာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ်တွင် အနိုင်ရရှိသူ အယ်လန်ဂျန်ဒရို ဂျန်မတ်တိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂွာတီမာလာစီးတီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံတွင် သြဂုတ်လ ၁၁ ရက်က သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ်ပြုလုပ်ခဲ့ရာ ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်း အယ်လန်ဂျန်ဒရို ဂျန်မတ်တိုင် (Alenjandro Giammattei) အနိုင်ရရှိသွားခဲ့ကြောင်း ရွေးကောက်ပွဲရုံးချုပ် (STE) မှ ကနဦးရလဒ်များအရ သိရသ

ဆန္ဒမဲ ၈၄ ရာခိုင်နှုန်းအား ရေတွက်ပြီးနောက် Vamos (သစ်လွင်သော ဂွာတီမာလာနိုင်ငံဆီ ချီတက်စို့) ပါတီမှ ဂျန်မတ်တိုင်က မဲရလဒ် ၅၉ ရာခိုင်နှုန်း သို့မဟုတ် ၁,၆၅၀,၉၇၆ မဲ ရရှိခဲ့သည်။

National Unity of Hope (UNE) ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ ဂွာတီမာလာ သမ္မတကတော်ဟောင်း ဆန်ဒရာ တောရက်စ် (Sandra Torres) ကမူ မဲရလဒ် ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၁,၁၂၀,၉၀၉ မဲ ရရှိခဲ့ကြောင်း သိရသည်။

“ဇန်နဝါရီလ ၁၄ ရက်ကစလို့ ကျွန်တော်တို့ အချိန်တစ်ရက်တောင် ဖြုန်းနိုင်တော့မှာမဟုတ်ပါဘူး။ ခင်ဗျားတို့ကို ပြောချင်တာကတော့ ဒီည ကျွန်တော်မအိပ်မီ ဘုရားဆီမှာ ကောင်းကြီးနဲ့ ဉာဏ်ပညာတောင်းခံသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ခက်ခဲတဲ့အချိန်တချို့ကျန်ရှိနေသေးတယ်” ဟု ဂျန်မတ်တိုင်က မဲရေတွက်မှုအရ ၎င်းအနိုင်ရရှိကြောင်းသိရှိပြီးနောက် အောင်ပွဲမိန့်ခွန်း၌ ပြောကြားခဲ့သည်။

သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ်အနိုင်ရသူသည် ဇန်နဝါရီလ ၁၄ ရက်တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ (Xinhua)