Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံတွင် မိုးသည်ထန်စွာရွာသွန်းမှုများကြောင့် လူ ၁၆၁ ဦး သေဆုံး


အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ယခုနှစ် ဇူလိုင်လမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပါကစ္စတန် နိုင်ငံ တစ်ဝန်းလုံးတွင် သေဆုံးသူ ၁၆၁ ဦး ရှိပြီဖြစ်ပြီး ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲ Saqib Mumtaz က သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိ ပါကစ္စတန်နိုင်ငံ တစ်ဝန်းလုံးတွင် လမ်းပေါင်း ၃၄ လမ်း၊ တံတား ၁၄ စင်း၊ ဆိုင်ခန်း ၅၃ ခန်း ၊ လူနေအိမ်ခြေ ၃၂၀ ခန့် မု မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပျက်စီးခဲ့ရကြောင်း Saqib Mumtaz က ဖုန်းဖြင့် ဆင်ဟွာကို ပြောကြားခဲ့သည်။ ရေဘေးကြောင့် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် လူပေါင်း ၅၆ ဦး၊ ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ တွင် ၃၅ ဦး ၊ တောင်ဘက် Punjab ပြည်နယ်တွင် ၂၇ ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။

ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindhပြည်နယ် ကရာချီမြို့တွင် လူ ၁၁ ဦး သေဆုံးခဲ့သလို မြို့တွင်းတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် ဒေသခံများ နေထိုင်မှုနှင့်လမ်းပန်းဆက်သွယ်ရေးကို ထိခိုက်မှုရှိနေကြောင်း ပါကစ္စတန်မီဒီယာများ၏ သြဂုတ် ၁၁ ရက် သတင်းများအရ သိရသည်။ သေဆုံးမှုအများစုသည် ရက်ဆက်မိုးရွာသွန်းမှုကြောင့် နေအိမ်ခေါင်မိုး ပြိုကျမှုနှင့် ဝါယာကြိုးပေါက်မှုများကြောင့် ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ကရာချီမြို့၏ ၃၅ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

Sindhပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက သြဂုတ် ၁၀ ရက်တွင် ရေဘေး သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ကရာချီမြို့၏ မိုးရွာသွန်းအခြေအနေသည် သြဂုတ် ၁၂ ရက်တွင် လျော့နည်းသွားနိုင်သည်ဟု ခန့်မှန်းရကြောင်း Saqib Mumtazက ဆိုသည်။

နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် ပါကစ္စတန်၏မိုးရာသီကာလဖြစ်ပြီး မုတ်သုန်လေသက်ရောက်မှု ကြောင့် မိုးရေချိန်ပမာဏသည် သိသိသာသာများပြားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117